31

1.1K 268 18
                                    

ZAWGYI

ကျောင်းနှစ်ပတ်လည်ပွဲတော်က ခပ်မြန်မြန်ပဲ ရောက်ရှိလာတယ်။ ချန်ယောလ်နဲ့ဘတ်ဟျွန်းက စီစဉ်ထားတဲ့အတိုင်းပဲ သီချင်းကို အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့တယ်။ အသံချိုချိုလေးနဲ့ သီချင်းဆိုနေတဲ့‌ဘတ်ဟျွန်းက စင်ပေါ်မှာအတောက်ပဆုံးဖြစ်နေခဲ့ပြီး တစ်ကျောင်းလုံးရဲ့အသည်းနှလုံးကို ဆွဲယူဖမ်းစားသွားခဲ့တယ်။ အရင်ကတည်းက နာမည်ကြီးနေတဲ့ချန်ယောလ်ထက်တောင် ပိုပြီးလူသိများသွားသလိုပဲ။

မီးရောင်ထိုးထားတဲ့စင်မြင့်ထက်မှာ ဘတ်ဟျွန်းနဲ့ချန်ယောလ်က ထိုင်ခုံတစ်လုံးစီနဲ့ ဘေးချင်းယှဉ်လျက်ထိုင်လို့ဖျော်ဖြေနေတဲ့ ဗီဒီယိုက တက္ကသိုလ်ဝက်ဘ်ဆိုက်မှာ တင်လိုက်ရာကစလို့ တခြားကျောင်းတွေအထိ ပျံ့သွားပြီး နာမည်ပိုကြီးသွားခဲ့တယ်။

တစ်နေ့ထက်တစ်နေ့ ဘတ်ဟျွန်းဆီ ရောက်လာတဲ့ လက်ဆောင်တွေ၊ စာတိုစာစောင်တွေ မနည်းမနောပဲ။

ဘတ်ဟျွန်းကို သူတစ်ယောက်ကလွဲပြီး တခြားလူမမြင်စေချင်တဲ့ ချန်ယောလ်ရဲ့ဆန္ဒသေးသေးလေးကတော့ လုံးဝရေစုန်မျောသွားခဲ့ပြီ။

"ဘတ်ဟျွန်း..ငါ့ဆီမှာလည်း အဲ့သီချင်းလေးဆိုပေးပါလားကွာ၊ မင်းတို့ဗီဒီယိုပေါက်သွားပြီးကတည်းက ဒီလာတဲ့ကောင်မလေးတွေက မင်းကို အဲ့ဒီသီချင်းဆိုစေချင်ကြတယ်"

"Blue Moon'ပိုင်ရှင် ဂျွန်မြောင်က ဖျော်ဖြေဖို့ပြင်ဆင်နေကြတဲ့ဘတ်ဟျွန်းတို့အနားရောက်လာတယ်။

"သီချင်းပိုင်ရှင်ကို အရင်မေးကြည့်တာပိုကောင်းမယ်ထင်တယ်"

ဘတ်ဟျွန်းက ချန်ယောလ်ဆီ လွှဲပေးတယ်။ ဟုတ်တယ်၊ ချန်‌ယောလ်က သီချင်းပိုင်ရှင်။ ဘတ်ဟျွန်းအတွက် ရည်ရွယ်ပြီးရေးထားတဲ့သီချင်းကို ကိုယ်တိုင်ဆိုမပြလိုက်ရတဲ့ သီချင်းပိုင်ရှင်ဖြစ်တယ်။

"မင်းသဘောလေ"

ချန်ယောလ်က ဘတ်ဟျွန်းဆီ ပြန်လွှဲပေးလိုက်တယ်။ အလယ်ကဂျွန်မြောင်ခမျာ ဂစ်တာအသံစမ်းနေတဲ့ချန်ယောလ်ဆီပဲ သွားရမလိုလို၊ သီချင်းမဆိုခင် အသံလေ့ကျင့်ခန်းလုပ်နေတဲ့ ဘတ်ဟျွန်းဆီပဲ ပြေးရမလိုလိုနဲ့။

Boyfriend,not Best friendWhere stories live. Discover now