ZAWGYI
မင်္ဂလာဆောင်ကအပြန်မှာ ချန်ယောလ်က ဘတ်ခ်ဟျွန်းအိမ်လိုက်လာတယ်။
သူ စပ်ထားတဲ့သီချင်းတစ်ပုဒ်ကို အဆင်ပြေ၊မပြေ ဝေဖန်ခိုင်းဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့။ အရင်က သူ့ဘာသာ အဆင်ပြေပြေ သီချင်းတွေ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ထုတ်လာခဲ့ပြီး အခုကျမှ ဝေဖန်ပေးပါဆိုတဲ့ အကြောင်းပြချက်က သိပ်ယုတ္တိမရှိပေမဲ့ ဘတ်ခ်ဟျွန်းကတော့ စိတ်ထဲမထားတဲ့ပုံပါပဲ။
ဒီကြားထဲ သူ့ဆိုင်မှာ လိုက်သောက်ကြပါလားဆိုပြီး အတင်းခေါ်နေတဲ့ အစ်ကိုဂျွန်မြောင်အပြင်၊ မတွေ့တာကြာပြီမို့လို့ အတူတူသွားသောက်ရအောင် ဆိုပြီး ဆွယ်နေတဲ့ တာရိုနဲ့ ရူဘင်ကိုလည်း ချန်ယောလ်အကြံအစည်ကို ရိပ်မိနေတဲ့မင်ယော့က ပြေရာပြေကြောင်းပြောပြီး ရှင်းထုတ်ပေးရသေးတယ်။
ဘတ်ခ်ဟျွန်းက သူအလုပ်လုပ်တဲ့ entertainmentနဲ့ သိပ်မဝေးတဲ့နေရာက ဈေးသက်သာတဲ့ကွန်ဒိုတစ်ခုမှာ ငှားနေတယ်။ ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်တဲ့သူမို့ တစ်ယောက်တည်းနေတဲ့အခန်းလေးက လိုတာထက်ပိုပြီးရှင်းနေတယ်။
ခါတိုင်းလည်း ရောက်ဖူးနေကျ၊ လိုက်အိပ်ဖူးနေကျပေမဲ့ ဒီညတော့ ချန်ယောလ်စိတ်ထဲ တစ်မျိုးဆန်းနေတယ်။
"ဘာစားမလဲ ချန်ယောလ်"
ဘတ်ခ်ဟျွန်းက မင်္ဂလာဆောင်ကို ဝတ်လာတဲ့အဝတ်အစားတွေကို ချွတ်လဲနေရင်း လှမ်းမေးတယ်။
အပြင်ပန်းက ကြည့်ရင် ပိန်သေးတယ်ထင်ရပေမဲ့ အထဲမှာတော့ သူ့နေရာနဲ့သူ တောင့်တင်းကျစ်လစ်နေတဲ့ ခန္ဓာကိုယ်ကို မြင်ပြီး 'မင်းကို' လို့ ဖြေမိတော့မယ့် ပါးစပ်ကို ချန်ယောလ် အမြန်ဆုံးဘရိတ်အုပ်လိုက်ရတယ်။
"ဘာဖြစ်ဖြစ်ရတယ်"
"ဒါဆို ငါ ကြက်ကြော်မှာလိုက်မယ်"
ဟင်းမချက်တတ်တဲ့ဘတ်ခ်ဟျွန်းဆီမှာ စားသောက်ဆိုင်တွေရဲ့ ဖုန်းနံပါတ်အစုံရှိတယ်။ အပြင်စာတွေ သိပ်မစားစေချင်တဲ့ ချန်ယောလ်ကတော့ ဘတ်ခ်ဟျွန်းဆီ တစ်ပတ်တစ်ခါ ဟင်းချက်ပြီး ပို့ပေးချင်လည်း အလုပ်များနေတဲ့ ဘတ်ခ်ဟျွန်းက ဟင်းတွေကို သေချာနွှေးပြီး စားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဆိုင်ကို ရောက်လာတဲ့အချိန်ကျမှပဲ ချန်ယောလ်က ဘတ်ခ်ဟျွန်းအကြိုက် ကင်မ်ချီထမင်းကြော်လေးကိုအကောင်းဆုံးချက်ကျွေးပေးနိုင်တယ်။
YOU ARE READING
Boyfriend,not Best friend
Fanfiction𝑳𝒆𝒕'𝒔 𝒈𝒓𝒐𝒘 𝒐𝒍𝒅 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓. ❣️ChanYeol×BaekHyun❣️ {Zawgyi+Unicode}