18

1.1K 263 16
                                    

ZAWGYI

ဒီနေ့မှာ ကျောင်းအားကစားပွဲနဲ့ ကျောင်းကပွဲကို တစ်နေ့တည်းကျင်းပတယ်။ နံနက်ပိုင်းအားကစားပွဲမှာ ချန်ယောလ်က ဘတ်စကတ်ဘောပြိုင်တယ်။ ကျောင်းတွင်းပြိုင်ပွဲမို့ ကြီးကြီးကျယ်ကျယ်မဟုတ်ပေမဲ့ တစ်ကျောင်းလုံးက စောင့်ကြည့်‌အားပေးနေကြတယ်။ ချန်ယောလ်အတွက်တော့ စိတ်လှုပ်ရှားမှုသုညပါပဲ။

အကြောလျှော့နေရင်း ဟိုဟိုဒီဒီလိုက်ကြည့်မိတဲ့အခါ သူ့ကို မလှမ်းမကမ်း‌ကနေ ကြည့်နေတဲ့ ဟယ်မီကိုတွေ့တယ်။ ဟယ်မီက သူကြည့်နေတာကိုမြင်တော့ နှစ်လိုဖွယ်ပြုံးပြတယ်။ သူလည်း မကောင်းတတ်လို့ နည်းနည်းလေးပြန်ပြုံးပြလိုက်တယ်။ လူကြီးဖြစ်သွားတဲ့ချန်ယောလ်က သူ့အပြုံးကို နှမြောတတ်လာတယ်။

"ဟေ့ကောင်...မင်းဒီနေ့ ဟယ်မီကို ဖွင့်ပြောမှာဆို"

ဘတ်စကတ်ဘောတစ်သင်းထဲက စီနီယာဖြစ်သူရဲ့ အခြေအမြစ်မရှိတဲ့စကားကြောင့် ချန်ယောလ်က အကြောလျှော့နေရာကနေ ရပ်လိုက်မိတယ်။

"အဆင်ပြေရင် တစ်ဝိုင်းနော်"

ဘယ်ကနေ ဒီလိုမျိုးအဓိပွာယ်မရှိတဲ့စကားက ထွက်လာရတာလဲဆိုတာ ချန်ယောလ် စဉ်းစားမရဘူး။

"စီနီယာ..ဘာတွေပြောနေတာလဲ"

"မသိချင်ယောင်ဆောင်မနေပါနဲ့ကွာ၊ မင်းတို့အကြောင်းကို အကုန်လုံးနီးပါးသိပါတယ်"

"စီနီယာ ဘာတွေပြောနေလဲဆိုတာ ကျွန်တော် တကယ်မသိဘူး"

ချန်ယောလ်က တကယ်ရှုပ်ထွေးသွားတဲ့ပုံစံနဲ့ ပြန်မေးမိတဲ့အခါ စီနီယာက ကြောင်တောင်တောင်ပြန်ကြည့်နေတယ်။

"မင်း တကယ်မသိတာလား"

ချန်ယောလ်ခေါင်းညိမ့်လိုက်တော့ စီနီယာက ရယ်ရခက်၊ ငိုရခက်ပုံစံနဲ့။

"ပြောရရင် တစ်ကျောင်းလုံးမှာ မင်းတို့နှစ်ယောက်သတင်းတွေ ပြန့်နေပြီ၊ ဘတ်ဟျွန်းက မင်းနဲ့ဟယ်မီကို အောင်သွယ်ပေးလို့ အဆင်ပြေနေပြီဆိုတာတွေရော"

ဒီရက်ပိုင်းတွေမှာ ဟယ်မီနဲ့ပတ်သက်လို့ ချန်‌ယောလ်လုပ်မိတာတွေက မျက်နှာချင်းဆိုင်တွေ့ရင် ပြုံးပြတဲ့ဟယ်မီကို ပြန်နှုတ်ဆက်တာရယ်၊ သူငြင်းပေမဲ့ အတင်းပေးလာတဲ့ စတော်ဘယ်ရီအအေးတွေကို အားနာပါးနာလက်ခံမိတာရယ်ပဲရှိတယ်။

Boyfriend,not Best friendDove le storie prendono vita. Scoprilo ora