30

1.2K 263 76
                                    

ZAWGYI

ဒီရက်ပိုင်းတွေမှာ ချန်ယောလ်နဲ့ဘတ်ဟျွန်းက အရင်ကထက်ပိုပြီးတပူးပူးတတွဲတွဲနဲ့။ သီချင်းကို အကြောင်းပြပြီး ဘတ်ဟျွန်းနဲ့အချိန်တိုင်းလိုလို ရှိနေရလို့ ချန်‌ယောလ်က နှစ်ဆပိုပျော်တယ်။

"ဒီနားကို နည်းနည်းပြင်လိုက်ရင်ကောင်းမလား ဘတ်ဟျွန်း"

"ဒီတိုင်းလည်း အဆင်ပြေပါတယ်"

"မင်းအတွက် keyအရမ်းနိမ့်နေသလားလို့"

"ငါ နောက်တစ်ခါကြိုးစားပြီး ဆိုကြည့်မယ်လေ"

သီချင်းတိုက်တဲ့အခန်းထဲမှာ ဘတ်ဟျွန်းနဲ့ ချန်ယောလ်နှစ်ယောက်တည်းရယ်။ 'Blue Moon'အတွက် ရူဘင်၊တာရိုတို့နဲ့အတူ သီချင်းတိုက်ပြီးသွားတာနဲ့ သူတို့နှစ်ယောက်က အဆောင်မပြန်သေးဘဲ သီချင်းကိုပြင်ဆင်ဖို့ကျန်ရစ်ခဲ့တယ်။

အစက bandနဲ့ဆိုဖို့ စဉ်းစားထားပေမဲ့ အပြီးပြတ်ပြီးတဲ့သီချင်းကို ဆရာ့ဆီ ပြကြည့်တဲ့အခါ ဆရာက ဂစ်တာလေးတစ်လုံးတည်းနဲ့ပဲ ဆိုကြည့်ဖို့အကြံပေးလာခဲ့တယ်။ နောက်ဆုံးမှာတော့ သီချင်းဆိုမယ့်ဘတ်ဟျွန်းရယ်၊ ဂစ်တာကိုင်မယ့်ချန်ယောလ်ရယ်နဲ့ပဲ သီချင်းတိုက်ဖို့ဖြစ်လာခဲ့ရတယ်။

"စားပြီးမှပဲ သီချင်းဆက်တိုက်ကြတာပေါ့"

ချန်ယောလ်က ညနေက အပြင်ထွက်ဝယ်ထားတဲ့ အသင့်စားထမင်းဘူးလေးတွေကို ဖောက်ပြီး တစ်ဘူးကို ဘတ်ဟျွန်းဆီ ပေးလိုက်တယ်။

"ချန်ယောလ်"

ဘတ်ဟျွန်းက သူပေးလိုက်တဲ့ထမင်းဘူးကို ယူပြီး ချန်ယောလ်နဲ့မျက်နှာချင်းဆိုင်မှာ ထိုင်ချလိုက်တယ်။

"အင်း"

"မင်းမှာ ချစ်ရတဲ့သူရှိနေတာလား"

ဘတ်ဟျွန်းရဲ့စကားအဆုံးမှာ ပါးစပ်ထဲကထမင်းစေ့တွေထွက်ကျမသွားအောင် ချန်ယောလ်က မနည်းထိန်းထားလိုက်ရတယ်။

"ဟမ်..ရုတ်တရက်ကြီး ဘာလို့မေးတာလဲ"

ချန်ယောလ်က ပါးစပ်ထဲမှာ ထမင်း၊ဟင်းတွေပလုတ်ပလောင်းနဲ့။ ဘတ်ဟျွန်းဘက်က ဘာစကားတွေထပ်ပြောလာမလဲဆိုတာကိုပဲ စိတ်ရောက်‌နေမိလို့ ထမင်းဝါးဖို့မေ့လျော့နေခဲ့တယ်။

Boyfriend,not Best friendWhere stories live. Discover now