( Unicode )
“ မေမေက အိပ်ခွင့်ပြုတယ်ဆိုတော့
ကျွန်တော်တို့ ဒီမှာညအိပ်မှာမလား...”
ဟု ကျွန်တော်တို့ နားရန်
ယူလိုက်သောအခန်းကို
ပတ်လည်လှည့်ကြည့်ရင်း
ပြောလေသည်...
“ အခန်းယူလိုက်တာ
အိပ်ဖို့မဟုတ်ဘူးလား...”
ဟုမေးလိုက်တော့
“ မသိဘူးလေ... Sam များ
အိမ်ပြန်ချင်နေမလားလို့...”
“ အိမ်ပြန်လည်း
အိမ်မှာတစ်ယောက်တည်းပဲလေ
ဘာမှ မထူးပါဘူး...
ဒီမှာမှ မင်းရှိသေးတယ်...”
ဟုပြောလိုက်တော့ သူလေးက
ကျွန်တော့အနားကို ကပ်လာပြီး
“ ဟုတ်တယ်နော်...Sam အိမ်မှာ တစ်ယောက်တည်းနေရတာ
မပျင်းဘူးလား...”
ဟုမေးလာသည်...
“ တစ်ခါတစ်လေတော့
လုပ်စရာတွေ ရှိနေတာနဲ့
မပျင်းဖြစ်ပါဘူး...ဒါပေမယ့်
တစ်ခါတစ်လေကျတော့လည်း
ပျင်းတယ်....”
“ Sam ခဏထိုင်ဦး...
Sam ကို ပြောစရာရှိတယ်....”
ဟု ပြောပြီး ခုတင်ပေါ်တွင်
တက်ထိုင်တော့ ကျွန်တော်က
အလိုက်တသိ ခုတင်ဘေးက
ခုံလေးပေါ်သို့ ထိုင်ချလိုက်ရသည်...
“ အင်း ပြော... ”
“ ကျွန်တော်တို့အိမ်မှာ အတူတူ
ပြောင်းပြီး လာနေပါ့လား..."
“ ဟင်...”
ကျွန်တော်မထင်မှတ်ထားသော
စကားများကိုပြောသည်ကြောင့်
ကျွန်တော့မှာ အံ့သြသွားရသည်...
“ ကျွန်တော့စာမေးပွဲက
ပြီးသွားပြီဆိုတော့ Sam က
စာလာမသင်တော့ဘူးလေ...
ဟုတ်တယ်မလား...”
“ အင်းပေါ့...”
“ အဲ့တော့ တစ်ယောက်တည်း
အိမ်ကို အစောကြီးပြန်ရောက်ပြီး
ပျင်းနေမှာပေါ့...အဲ့ဒါကြောင့်
အိမ်မှာလာနေပါ့လားလို့...”
“ အန်တီတို့က ဘယ်ကြိုက်ပါ့မလဲ...
နောက်ပြီးတော့ ကိုယ်ကလည်း
သိပ်ပြီးနေတတ်မှာမဟုတ်လောက်ဘူး...
ရေချိုးတာတောင် သိတဲ့အတိုင်းပဲ...”
ဟုပြောလိုက်တော့ သူလေးက
အားနာသွားသည်ထင်သည်...
“ Sorry Sam... ကျွန်တော်
အဲ့အချက်ကို မတွေးလိုက်မိဘူး...”
YOU ARE READING
Jikk Too ( U + Z )
FanfictionBaekhyun - ခင်ဗျားကြီးကို ကြည့်လို့ကို မရတာဗျာ..... ။ ။ Chanyeol - ငဂျစ်လေး မင်းကိုငါ တစ်ဖြည်းဖြည်းနဲ့ အသည်းယား လာပြီ.....။ ။
