9 🌻

2.8K 408 71
                                    

( Unicode )

စာသင်နေချိန်တောက်လျှောက်လည်း
စာကို စိတ်ဝင်တစားနားထောင်ကာ
သူနားမလည်သည့်နေရာများကိုလည်း
သေသေချာချာပြန်မေးလေသည်...

စာကို ဒီလိုမျိုး ကောင်းကောင်းမွန်မွန်
သင်နိုင်သည့်အပြင် ညဏ်ရည်ကလည်း
တော်တော်ကောင်းသည်...

ခဏလေးနှင့် သင်သမျှအားလုံးကို
ခေါင်းထဲသွင်းနိုင်သလို နားမလည်သည့်
စာများကိုလည်း ချက်ချင်းပြန်ပြီး
မေးခွန်းထုတ်နိုင်သည်မှာလည်း
အတော်ကို တော်သည်...

စာလုပ်နေရင်းနှင့်

“Sam ရဲ့ ကားကပြီးပြီလား...”

ဟုမေးလာပြန်သည်...

“ ပြီးသွားပြီ ကြာပေါ့...”

“ ဘယ်လောက်ကျလဲ...ကျွန်တော်
ဘယ်လောက်ပြန်ပေးရမလဲ...”

ဟု စာရေးနေရင်းဖြင့်မေးသည်ကြောင့်
ဘေးတိုက်မြင်နေရသော သူ့ပါးအိအိလေးကို
စိုက်ကြည့်ရင်း

“ ဘယ်လောက်မှ ပြန်မပေးနဲ့ ရတယ်...
ကိုယ် မယူတော့ဘူး..."

ဟု ပြောလိုက်သည်ကြောင့်
ကျွန်တော့ကို ဇတ်ခနဲ လှည့်ကြည့်လာသည်...

ထိုအချိန် သူ့ပါးလေးကို ကြည့်နေသော
ကျွန်တော့ အကြည့်တို့ကို
အမြန်ရုတ်သိမ်းရပြန်သည်...

“ ဘာလို့လဲ...ဟိုနေ့ကတော့
အသည်းအသန်တောင်းနေပြီးတော့...”

ဟု မကျေမနပ် အသံလေးထွက်လာသည်...

" အသည်းအသန် မတောင်းရပါဘူးကွာ...
မင်းဆီကနေ မတောင်းမိပါဘူး..."

" ........ "

“ မပေးနဲ့တော့.... Samကြောင့်
မင်းရဲ့ဘဏ်ကဒ်နဲ့ကားသော့
အသိမ်းခံလိုက်ရတယ်မလား...
အဲ့ဒါနဲ့ချေလိုက်တော့...မပေးနဲ့တော့...
အဲ့ဒီ့အစား Sam ကို စိတ်ဆိုးပြေပေး...”

ဟု ပြောလိုက်တော့
နှာခေါင်းလေးကို ရှုံ့ပြသည်...
မပြေပေးချင်ဘူးဆိုသည့်သဘော...

“ ဘယ်လိုလဲ....”

ဟု ထပ်မေးလိုက်တော့မှ
အင်တင်တင်ရုပ်ကလေးနှင့်
ခေါင်းလေးညိတ်ပြသည်...
ကြည့် ဘယ်လောက်ချစ်ဖို့ကောင်းလဲ...

Jikk Too ( U + Z ) Tempat cerita menjadi hidup. Temukan sekarang