2 🌻

3.8K 479 18
                                    

( Unicode )

“ ဟားးးးးးဟားးးးးး ဟားးးးးး
အဲ့တော့မင်းအရိုက်ခံခဲ့ရတယ်ပေါ့....”

ဟု ကျွန်တော့အဖြစ်ကိုဝိုင်းပြီးရယ်နေကြသော
ကျွန်တော့သူငယ်ချင်း နှစ်ယောက်...
Chen နှင့် Tao...

“ မင်းအဲ့ဒါဆို
အိမ်ထောင်ပြုရတော့မှာပေါ့...”

ဟု အရင်းမရှိအဖျားမရှိ ထပြောလိုက်သည့်
Taoလက်မောင်းအား ထိုးချပစ်လိုက်ကာ...

“ ဟာ လဒ...ဖပ်...ဖပ်...ဖပ်...
မင်းအမေလင်မို့ ငါကအိမ်ထောင်ပြုရမှာလား
မသာရဲ့...စာမေးပွဲအောင်ရင်
မပြုရတော့ဘူးတဲ့...ပြန်ပြောင်းသွားပြီ...”

ဟုပြောလိုက်တော့....

“ နေစမ်းပါဦး...အပိုင်တွေ
တွက်နေရအောင် မင်းက စာမေးပွဲရော
အောင်မှာမို့လို့လား...”

ဟု Tao ကပင် ထပ်ပြောပြန်သည်...
ကိုယ့်ဘာ့သာကိုယ် စိတ်ညစ်လို့မှ
သူတို့နဲ့တွေ့တာကို သူတို့စကားကြားပြီး
အားတောင်မရှိချင်တော့...
သိပ်အားပေးတတ်တဲ့ သူငယ်ချင်းတွေ
အားကိုရှိသွားတာပဲ...

သူတို့ နှစ်ယောက်သည် တရုတ်လူမျိုးဖြစ်ပြီး
ကိုရီးယားသို့ ပြောင်းလာသည်မှာ
ငါးနှစ်လောက်သာ ရှိသေးသောကြောင့်
တစ်ခါတစ်ခါ သူတို့ ထထပြောသော
စကားများဟာ နားမလည်နိုင်ဖြစ်ရသည်...

သို့သော်လည်း ကျွန်တော့တွင်
အားအကိုးရဆုံး သူငယ်ချင်းကို
ပြပါဆိုလျှင်လည်း သူတို့နှစ်ယောက်ပဲ
ရှိသည်....

“ ဟျောင့်...စာလေးတွေက
လွယ်လွယ်လေးတွေ...ငါက
တမင်ကျအောင် ဖြေနေလို့ပါ​ကွာ...
ဒီလောက်စာလေးတွေကတော့ …
ဟားးးးဟားးးးဟားးးးး မျက်လုံးမှိတ်ဖြေရင်တောင် ချက်ချင်းအောင်တယ်...”

ဟု Tao စကားကို ပြန်ချေပမိတော့...

“ သေချာမှလည်း လုပ်ပါဦးကွာ...
အပြောမစောပါနဲ့ဦး...မင်းစာလိုက်မလုပ်တာ
ဘယ်နှစ်နှစ် ရှိပြီလဲ...”

ဟု Chen ကပါ ဝင်ထောက်သည်...

“ ဘယ်နှစ်နှစ်ပဲရှိရှိ...
Byun Baek Hyun သာ
စိတ်ပိုင်းဖြတ်ထားရင် မရတာမရှိဘူး...
သိတယ်ဟုတ်...”

Jikk Too ( U + Z ) Où les histoires vivent. Découvrez maintenant