16 🌻

2.3K 452 78
                                        

( Unicode )

ဟိုတယ်ရောက်ပြီး အခန်းယူကြတော့
ကောင်မလေး သုံးယောက်က တစ်ခန်း
သူတို့သူငယ်ချင်းတွေက တစ်ခန်း
ကျွန်တော်က တစ်ခန်းယူဖြစ်သည်...

ရောက်ပြီးပြီးချင်း ကျွန်တော်က
ပင်ပန်းလာသည်ကြောင့်
အခန်းတွင်သာ နားရန်လုပ်လိုက်ပေမယ့်
ကလေးတွေကတော့ ရေကူးဝတ်စုံ
အသီးသီးဝတ်ကာ ကမ်းခြေဘက်သို့
သွားဆော့ရန် ပြင်နေကြသည်....

အခန်းရှေ့လျှောက်လမ်းတွင်
စကားပြောသံလေးတွေ
ပြေးသံလေးတွေ ကြားလိုက်ရပြီး
ခဏနေတော့

" တင်းတောင်...."

ဟု တံခါးBell ကို
လာနှိပ်သည့်အသံကြောင့်
ဘယ်သူလဲဟု စဉ်းစားသွားသည်...

အခန်းတံခါးကိုဖွင့်ပြီး
သွားကြည့်လိုက်တော့
အခန်းဝတွင် မတ်တပ်ရပ်နေသည့် Baekhyunee...

" ဟင်... Baekhyunee
သွားပြီထင်နေတာ...
မသွားသေးဘူးလား..."

ဟု မေးလိုက်တော့

" ဟုတ်...သွားတော့မလို့...
Sam ကိုလာပြောတာ...ကျွန်တော်တို့
ရေသွားကူးလိုက်ဦးမယ်နော်..."

ဟု ပြောလေသည်...
ကျွန်တော့ကို အသိပေးပြီးမှ
သွားမည်ဆိုသည့် သဘောလေးကြောင့်
ကျွန်တော့မှာ သဘောတကျနှင့်
ပြုံးရသေးသည်....

" အင်း သတိထားဦးနော်...
တစ်ယောက်တည်း လျှောက်မဆော့နဲ့...
ရေနက်တဲ့ဘက်ကို မသွားနဲ့နော်...
သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်
မပြတ်စေနဲ့...အရမ်းကြီးလည်း
မကြာစေနဲ့..."

ဟု စိတ်ပူသမျှကို မှာနေမိသည်...

" ဟုတ်..."

" ရေနဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်ရင်
Sam ဘာမှ မတတ်နိုင်လို့....
စိတ်ပူရအောင်မလုပ်နဲ့နော်..."

ဟု သူ့ခေါင်းလေးကို ကိုင်ကာ
ပြောလိုက်တော့ သူလေးက
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့်
ကြည့်နေသည်...

ကျွန်တော် ဘာများပြောလိုက်မိသလဲ
ပြန်စဉ်းစားမိတော့ စိတ်ပူရအောင်
မလုပ်နဲ့ဆိုသည့်စကားကြောင့်
အခုလိုဖြစ်သွားတာထင်သည်...

" ကြားလားလို့...
စိတ်ပူရအောင် မလုပ်နဲ့နော်..."

ဟုထပ်ပြောလိုက်တော့မှ
သူ့မှာ ခေါင်းလေးကို တဇတ်ဇတ်နှင့်
ညိတ်ပြကာ ကျွန်တော့အရှေ့ကနေ
လှည့်ထွက်ပြီး ပြေးသွားတော့သည်...

Jikk Too ( U + Z ) Where stories live. Discover now