21 🌻

2K 390 79
                                    

( Unicode )

“ တီတီတီ...တီတီတီ...တီတီတီ...”

ဟု ဖုန်း Alarm က
မြည်လာသည်ကြောင့် ပိတ်ကာ
တစ်ခါတည်း ငုတ်တုပ်ထိုင်လိုက်သည်...
မဟုတ်ရင် ပြန်အိပ်ပျော်သွားနိုင်သည်...

အိပ်ရာပေါ်ကနေဆင်းကာ
ရေချိုးခန်းထဲဝင်ပြီး
မျက်နှာသစ်သွားတိုက်လုပ်လိုက်ပြီး
ထွက်လာတော့ အိပ်မောကျနေသည့်
ကလေးကို နှိုးရသည်...

“ အိကျိလေး... ထတော့...”

ဟု သူ့နဖူးပေါ်က ဆံပင်ကို
သပ်ပြီးနှိုးလိုက်တော့
မျက်မှောင်လေးကျုံ့ကာ
လှုပ်စိလှုပ်စိလုပ်ပြီး
ပြန်အိပ်သွားသည်...

“ မနက် နေထွက်တာကို ကြည့်မယ်ဆို...
မကြည့်တော့ဘူးလား...”

ဟုမေးလိုက်တော့

“ ကြည့်မယ်...”

ဟု မျက်လုံးကမှိတ်ထားလျက်နှင့်
အိပ်ရာထကာစ အသံလေးဖြင့်
ပြောလေသည်...

“ ကြည့်မယ်ဆို ထလေ...”

“ နောက်ထပ် ငါးမိနစ်...”

“ ကိုယ်တောင် အကုန်ပြင်ပြီးသွားပြီ...”

ဟုပြောလိုက်တော့ မျက်လုံးလေးကို
နည်းနည်းလေးဖွင့်ကြည့်ကာ

“ ဘာလို့ အခုမှ နှိုးတာလဲ
Sam ကလည်း...”

“ ကိုယ်ထတဲ့အချိန်
တစ်ခါတည်းနှိုးရင်
အိပ်ရေးမဝမှာစိုးလို့လေ...
အဲ့ဒါကြောင့် စေတနာနဲ့
အခုမှ နှိုးတာ...”

“ အခုမှ နှိုးတော့ ပြန်နှပ်လို့
မရတော့ဘူးလေ...”

ဟု သူ့ကို စောစောနှိုးပြီး
ပြန်နှပ်ဖို့ အချိန်မပေးလို့ဆိုသည့်
အကြောင်းပြချက်ဖြင့်
အိညှောင် အိညှောင်လုပ်နေသော
သူ့ပါးလေးအား ကျွန်တော့လက်
အေးအေးဖြင့် ကိုင်လိုက်တော့
တွန့်သွားကာ

“ အားးးး အေးလိုက်တာ...”

ဟု ထအော်လေသည်....

“ ထတော့မြန်မြန်...
အဲ့ဒါနဲ့ပဲ နေထွက်တာကို
ကြည့်လိုက်ရမှာမဟုတ်ဘူး...”

ဟု သူ့ကျောပြင်လေးကို ပွတ်ရင်း
ပြောလိုက်တော့ အိပ်နေရင်းကနေ
ကုန်းရုန်းပြီး ထလာသည်....

Jikk Too ( U + Z ) Where stories live. Discover now