( Unicode )
မေ့လဲတော့မလိုဖြစ်သွားသည့်
Sam ရဲ့လက်မောင်းကို
ကျွန်တော် အမြန်ဖမ်းကိုင်လိုက်၍သာ
တော်တော့သည်...မဟုတ်ရင်
လဲများ ကျသွားမလားမသိ...“ Sam... အဆင်ပြေရဲ့လား...”
ဟုမေးလိုက်တော့ Samက
ခေါင်းညိတ်ပြကာ“ sorry... မနက်ကတည်းက
ကိုယ်နည်းနည်း ပူနေတာ..."ဟု ပြောလာသည်ကြောင့်
Sam ရဲ့နဖူးကို စမ်းလိုက်မိသည်...“ အယ်...Sam ကိုယ်တွေပူနေပြီ...
မနက်က ကျောင်းကို သွားလိုက်သေး
တယ်လား..."" အတန်းချိန်တွေကလည်း
ပျက်လို့မရဘူးလေ...နောက်ပြီးတော့
ဒီနေ့ Round လှည့်ရမယ့်
လူနာတွေက အဖိုးအဖွားတွေလေ...
အဲ့ဒါကြောင့် မသွားမဖြစ် သွားလိုက်တာ..."" ပင်ပန်းသွားတာ နေမှာပေါ့...
နေမကောင်းဖြစ်နေတာကို
ဘာဖြစ်လို့မပြောတာလဲ Sam ရယ်...
စာလာမသင်လည်း ရတာပဲကို...
နေမကောင်းတာမနားဘဲနဲ့...
ကျွန်တော့ဆီကို ဘာလို့လာတာလဲ..."" မင်းကို တွေ့ချင်လို့လေ..."
ဟု ပြောလာသည့် Sam စကားကြောင့်
ဘာဆက်ပြောလို့ ပြောရမည်မသိ...
Sam က ဘာလို့ အဲ့လိုပြောရတာလဲ...Sam ပြောသည်ကို မသိချင်ယောင်
မကြားလိုက်ချင်ယောင်ဆောင်ပြီးတော့" အခု ဘယ်လိုလုပ်မလဲ...”
ဟု မေးလိုက်တော့
“ ရတယ်...အိမ်ပြန်ပြီး
ဆေးသောက်ပြီး အိပ်လိုက်ရင်
ပျောက်သွားမှာပါ...”“ ရပါ့မလား...အဲ့ဒါကြောင့်
ခုနတုန်းကချောင်းတွေ ဆိုးနေတာလား...”“ အင်း...ဆေးသောက်လိုက်ရင်
သက်သာလောက်မှာပါ...”“ ဆေးခန်းသွားရအောင်လေ...”
“ ရတယ်... မသွားလို့ဖြစ်တယ်...
အရင်ကလည်းဖျားရင်လည်း
ဆေးသောက်လိုက်တာနဲ့
ပျောက်ပါတယ်...”ဟုပြောလာသည်ကြောင့်
သက်ပြင်းသာချလိုက်မိသည်...
ဒီ Sam တော်တော်ခေါင်းမာတာပဲ...“ ဆေးသောက်တဲ့ကိစ္စက ခဏထားဦး...
အခု Sam ဘယ်လိုပြန်မှာလဲ...”
![](https://img.wattpad.com/cover/223962101-288-k467851.jpg)
YOU ARE READING
Jikk Too ( U + Z )
FanfictionBaekhyun - ခင်ဗျားကြီးကို ကြည့်လို့ကို မရတာဗျာ..... ။ ။ Chanyeol - ငဂျစ်လေး မင်းကိုငါ တစ်ဖြည်းဖြည်းနဲ့ အသည်းယား လာပြီ.....။ ။