( Unicode )
ကမ်းခြေနားတွင် ဆောက်ထားသော
Resturant လေးတွင် ဟိုတယ်က
ညစာကို ပြင်ပေးထားတာကြောင့်
ထိုနေရာလေးတွင် ထိုင်ကာ စားကြလေသည်.....
ကမ်းခြေမှ ရေလှိုင်းသံတွေနှင့်
လေလေးတဖြူးဖြူးနှင့် ထိုင်ကာ
စားနေကြစဉ် ကြာတော့
အေးလာသည်ထင်သည်....
နှာခေါင်းလေးကို
တစ်ရှုံ့ရှုံ့လုပ်နေသည်ကြောင့်
ကျွန်တော်ဝတ်ထားသော
အနွေးထည်ကြီးကို ချွတ်ကာ
သူ့ပုခုံးပေါ်ကို လွှားပေးလိုက်တော့
" ရတယ် Sam....
Sam အေးနေမှာပေါ့.....
ပြန်ဝတ်ထားပါ....."
" ရတယ်....
Hoodieအထူ ပါသေးတယ်...
မအေးဘူးရတယ်...ဝတ်ထားလိုက်...
ခြုံမထားနဲ့...."
ဟုပြောလိုက်တော့ စားနေသော
ဇွန်းတွေ ခရင်းတွေကို ချကာ
အင်္ကျီကို ဝတ်နေပြီး စားစရာရှိတာကို
ပြန်စားလေသည်...
သို့သော် အင်္ကျလက်ကကြီးနေတာကြောင့်
ဇွန်းကို ကိုင်ရတာ အဆင်မပြေဘဲ
အင်္ကျကို ဆွဲဆွဲတင်နေရသည်....
ထို့ကြောင့် ကျွန်တော်စားနေသည်ကို
ရပ်လိုက်ကာ သူ့အင်္ကျီလက်ကလေးကို
ခေါက်တင်ပေးနေသည်ကို
သူ့သူငယ်ချင်းတွေက
တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ
မျက်လုံးချင်း စကားတွေပြောနေကြသည်...
အားရပါးရ ပလုတ်ပြည့်ပလောင်းပြည့်
စားနေသော သူ့ကိုကြည့်ပြီး ကျွန်တော်
ဗိုက်ပြည့်သွားသလို ခံစားလိုက်ရသည်...
စားသောက်လို့ ပြီးသွားကြတော့
ဟာနီက Baekhyunee ကို
" ဟျောင့် Baekhyunee....
ငါ လမ်းသွားလျှောက်မလို့
လိုက်ဦးမလား..."
ဟု ခေါ်သည်ကို သူကလည်း
" အင်း...လိုက်မယ်..."
ဟု ပြောကာ စားပွဲကနေ
ထရန်လုပ်နေလေသည်...
" Baekhyuneeတို့ အဝေးကြီး
မသွားကြနဲ့နော်...
မှောင်လည်း မှောင်တယ်...
အေးလည်းအေးတယ်..."
ဟု ပြောလိုက်တော့ Baekhyuneeက
ခေါင်းညိတ်ပြရင်း ကျွန်တော့အင်္ကျီကို
ပြန်ချွတ်ပေးရန် လုပ်နေသည်ကြောင့်
သူ့လက်ကလေးကို ကိုင်လိုက်ကာ
أنت تقرأ
Jikk Too ( U + Z )
أدب الهواةBaekhyun - ခင်ဗျားကြီးကို ကြည့်လို့ကို မရတာဗျာ..... ။ ။ Chanyeol - ငဂျစ်လေး မင်းကိုငါ တစ်ဖြည်းဖြည်းနဲ့ အသည်းယား လာပြီ.....။ ။
