34 🌻

2.3K 193 43
                                        

Unicode

ဖိုးဖိုးဆုံးပြီး ၆ လကျော်ကျော်
၇ လအတွင်းမှာ ဖိုးဖိုးဦးစီးခဲ့သော
စီးပွားရေးအားလုံးကို ကျွန်တော်
လေ့လာနေတာ တော်တော်ကို
စုံသလောက်ဖြစ်နေပါပြီ….

အခုလည်း
Seasonal Promotion ပေးကာ
အရောင်းမြှင့်တင်ရန် ကြိုးစားနေသည့်
marketing manager နှင့်
meeting ရှိသလို
project manager လုပ်ထားသော
မိုးဦး project အသစ်ကိုလည်း
ကျွန်တော်ကြည့်နေခြင်း ဖြစ်သည်….

ဟိုနိုင်ငံမှာ မနေဘဲ ဒီနိုင်ငံကနေ
အလုပ်လုပ်နေသည်ကြောင့်
Zoom meeting ဖြင့်သာ
အလုပ်လုပ်နိုင်သည်….

တော်ရုံကိစ္စများကို ဒီကနေပဲ
Decision ချပြီး ဖြေရှင်းကာ
အရေးပေါ်ကိစ္စ အရေးကြီးကိစ္စများ
ရှိမှသာ ကျွန်တော် ဟိုနိုင်ငံသို့သွားသည်….

သို့သော် ၆ လ တစ်ခါတော့ လာမည်ဟု
ပြောထားသည်….ကျွန်တော်လာပြီး
မဦးစီးနိုင်ဘူးဆိုကာ အလုပ်ကိုသေချာ
မလုပ်ကြမည်စိုးတာကြောင့်
ရောင်းအားများကိုလည်း
သေချာ စစ်ဆေးကာ
တွန်းအားလည်း ပေးရလေသည်….

ပြောချင်တာက
အခု meeting ထိုင်နေတုန်း
အနောက်ကနေ ကိိုကြီး ကိုကြီးဆိုကာ
ကျွန်တော့ကို တစ်မျိုးပြီး တစ်မျိုးမေးနေသော
ဂျစ်တူးကို ကျွန်တော် အသည်းတယားယား
ဖြစ်နေရသည်ဆိုတာကိုပင်….

ဘာလို့အဲ့လိုလုပ်နေတာလဲဆိုသည့်
နောက်ကွယ်က အကြောင်းရင်းကတော့
ကျွန်တော် သူ့ကို စိတ်ဆိုးနေခြင်းကြောင့်
ဖြစ်သည်....

မနေ့က ေကျာင်းကအပြန်
အိမ်ကိုတန်းပြီး ပြန်မလာဘဲ
သူ့သူငယ်ချင်းတစ်ယောက်ရဲ့
Club တွင်လုပ်သည့် မွေးနေ့ပွဲကို
သွားလေသည်.... ကျွန်တော် ပြောတာက
သွားလို့ ပြောနေခြင်းမဟုတ်
မပြောမဆိုနဲ့ သွားလို့သာဖြစ်သည်....

" ကိုကြီးရေ ဒါလေးက...."

" ကိုကြီး ဒါလေးကရော...."

" ကိုကြီး.... ကိုကြီး...."

" ကိုကြီး...."

" ကိုကြီး...."

ဆိုကာ ဂါထာရွတ်နေသလို
မရပ်မနားမေးနေသည်ကို
ကျွန်တော်ကလည်း မသိချင်ယောင်
ဆောင်ထားကာ အလုပ်ကိုသာ
အာရုံစိုက်နေစဥ်

You've reached the end of published parts.

⏰ Last updated: Dec 25, 2021 ⏰

Add this story to your Library to get notified about new parts!

Jikk Too ( U + Z ) Where stories live. Discover now