( Unicode )
ပထမဆုံးစစ်သည့် သုံးနာရီမေးခွန်းကို
ကျွန်တော် ဖြေပြီးသည့်အခါ
Samစိတ်ကျေနပ်လောက်မည့်
အမှတ်ကိုရ၍ ကျွန်တော့ကို
ဟော့ပေါ့ဝယ်ကျွေးမည်ဟုပြောသည်ကြောင့်
အခု ဟော့ပေါ့သွားစားရန်
လုပ်နေခြင်းဖြစ်သည်....
အပေါ်ထပ်ကနေ ကားသော့ကို
ရမ်းကာ ခြေလှမ်းသွက်သွက်ဖြင့်
ဆင်းလာကာ ဧည့်ခန်းတွင် ဖေဖေနှင့်
စကားပြောရင်း ရယ်နေသော
မေမေ့ပါးကို နမ်းလိုက်ပြီး
“ မေမေနဲ့ဖေဖေ
သားအပြင်သွားလိုက်ဦးမယ်...”
ဟု ပြောတော့ ဖေဖေက
“ ကားကို ဂရုတစိုက်မောင်းနော် သား...”
ဟု ဝင်ပြောသည်...
“ ဟုတ်....”
ဟုပြန်ဖြေလိုက်သည့်အချိန် မေမေက
“ ဘယ်ကိုသွားမှာလဲ....
ဒီတစ်ခါကရော Club ပဲလား...”
ဟု မေးသည်ကြောင့်
“ မဟုတ်ဘူး... ဒီတစ်ခါက
စားသောက်ဆိုင် ဟော့ပေါ့သွားစားမလို့...
နောက်ပြီးတော့ ဘယ်သူနဲ့သွားမှာလဲဆိုတာ
မေမေသိရင် အံ့သြသွားလိမ့်မယ်...”
ဟုပြောလိုက်တော့
“ ပြောပါဦး...အံ့သြချင်လို့...”
ဟု ကျွန်တော့စကားအတိုင်း
ပြန်စလာသည်ကြောင့်
“ Sam နဲ့....”
ဟုပြောပြလိုက်တော့
“ ဟယ်...သားတို့က အဲ့လိုတောင်
မုန့်သွားစားနေပြီပေါ့...
ဘာလဲ Sam နဲ့ အဆင်ပြေသွားပြီလား...”
ဟု မေမေက မေးလေသည်...
“ ဟဲဟဲ...အဆင်ပြေတယ်ရယ်လည်း
မဟုတ်ပါဘူး မေမေရယ်...
စာမေးပွဲက မဖြစ်မနေ
အောင်မှဖြစ်မှာဆိုတော့ နည်းနည်းလေး
အဆင်ပြေအောင် နေလိုက်တဲ့သဘောပါပဲ...”
“ Sam ကို အနိုင်ကျင့်မနေနဲ့နော်...
အရမ်းလည်းမဆိုးနဲ့....”
“ ဟုတ်ကဲ့ပါ မေမေရဲ့....
သားက မဆိုးပါဘူး....”
“ အမလေးတော် မဆိုးလို့သာပဲ...
အရိုက်ခံရတဲ့လူက ဘယ်သူလဲမသိဘူး...”
BẠN ĐANG ĐỌC
Jikk Too ( U + Z )
FanfictionBaekhyun - ခင်ဗျားကြီးကို ကြည့်လို့ကို မရတာဗျာ..... ။ ။ Chanyeol - ငဂျစ်လေး မင်းကိုငါ တစ်ဖြည်းဖြည်းနဲ့ အသည်းယား လာပြီ.....။ ။
