10 🌻

2.7K 422 55
                                    

( Unicode )

စာသင်ချိန် နှစ်ချိန်ဆက်တိုက်
သင်ပြီးသွားချိန်

“ အဲ့ဒါဆို ဒီနေ့ ဒီလောက်နဲ့ရပ်ပါမယ်...
မနက်ဖြန် Tutorial ရှိပါမယ်...
အကုန်လာဖြေမယ်လို့ မျှော်လင့်ပါတယ်...”

“ Nae...”

ဟု ပျင်းရိပျင်းတွဲအသံတွေနှင့်
ပြန်ဖြေကြသည်ကြောင့်
လက်တစ်ဖက်က Tab Lap နှင့်
စာအုပ်တွေကို ကိုင်ထားရင်း
လက်တစ်ဖက်က ခါးထောက်လိုက်ပြီး
မျက်မှောင်ကျုံ့ကာ မျက်မှန်အပေါ်ကနေ
ကျော်ပြီး ကြည့်လိုက်တော့
ကျောင်းသူကျောင်းသားတွေကလည်း
သဘောပေါက်သည်ထင်...

အကုန်လုံးတစ်ပြိုင်နက်တည်း
အားနှင့်မာန်နှင့် ကုန်းအော်ကြလေသည်...

“ Nae...”

“ ဟင်းးးဟင်းးးးဟင်းးးးး...”

ဟု နှုတ်ခမ်းတစ်ဖက်ကိုမဲ့ကာ
ရယ်သည့်အသံလုပ်လိုက်တော့
ကျောင်းသူ ကျောင်းသားတွေ
အားလုံးက တဟဲဟဲနှင့်
ရယ်ပြကြလေသည်....

“ Sam...မနက်ဖြန်မေးမယ့်အခန်းကို
ပြောပြလို့မရဘူးလား...”

ဟု ကျောင်းသားလေးတစ်ယောက်က
ထမေးသည်ကို

“ မရပါဘူး...အားလုံး
ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်နဲ့
ရိုးရိုးသားသား ဖြေကြမယ်လို့
မျှော်လင့်ပါတယ်...

ဗရုတ်သုတ်ခနဲ့ အောင်သွားပြီး
ဆေးရုံကို House လာဆင်းရင်
ကျွန်တော်နဲ့ ပြန်တွေ့မယ်ဆိုတာ
သိကြတယ်မလား..."

ဟု မေးလိုက်တော့

“ Nae...သိပါတယ်...”

ဟု စိတ်ညစ်နေသည့်ရုပ်တွေနှင့်
ပြန်ဖြေကြသည့် ကျောင်းသူ
ကျောင်းသားတွေကိုကြည့်ပြီး
ကျွန်တော်ပြုံးလိုက်မိသည်....

ပြီးတော့ စာသင်သည့်ခုံအရှေ့သို့
မတ်တပ်ပြန်ရပ်လိုက်ကာ

“ အခု ဒီအခန်းထဲမှာ ထိုင်နေတဲ့လူတွေက
အထက်တန်းအောင်ကတည်းက
ကိုယ်နဲ့တစ်တန်းတည်း တက်ခဲ့တဲ့
သူငယ်ချင်းတွေနဲ့ အခြားအခြားသော
လူတွေထက် အမှတ်ကောင်းလို့
ဒီကိုရောက်လာတဲ့လူလည်းရှိမယ်...
ကံကောင်းလို့ ဒီကိုရောက်လာတဲ့လူလည်း
ရှိမယ်...

Jikk Too ( U + Z ) Where stories live. Discover now