20 🌻

2.3K 400 78
                                    

( Unicode )

" ရေအရင်ချိုးမလား..."

ဟု Sam ၏ အသံထွက်လာတော့မှ
တွေးနေတာတွေ ရပ်သွားတော့သည်....

" ဟုတ်.... အဲ့ဒါဆို ကျွန်တော်
အရင်ချိုးလိုက်မယ်..."

ဟုပြောကာ ရေမိုးချိုးပြီး
Sam ထုတ်ပေးထားသော
သူ့အင်္ကျီကိုသာ ဝတ်လိုက်ကာ
ဝရန်တာကိုထွက်ပြီး ထိုင်နေလိုက်သည်...

ခဏကြာတော့ Sam လည်း
ရေချိုးပြီး ထွက်လာစဉ်
ဝရန်တာတွင်ထိုင်နေသော
ကျွန်တော့အား သူ့အနွေးထည်ကို
လာပြီး ခြုံပေးပြန်သည်....

" မအေးပါဘူး Sam ရဲ့..."

" မအေးလည်း ဝတ်ထား...
ဖျားမှာစိုးလို့...."

ဟုပြောကာ သူအင်္ကျီသွားဝတ်နေစဥ်

တင်းတောင် တင်းတောင်
ဟု အခန်းဘဲလ်တီးသံထွက်လာသည် ။

မနက်စာလာပို့သည်ထင်၍
ကျွန်တော်က တံခါးသွားဖွင့်ပေးရန်
ထိုင်နေရာမှ ထလိုက်တော့ Sam က

" နေနေ... Sam ဖွင့်လိုက်မယ်။ "

ဟု ပြောကာ တားသည်ကြောင့်
ထိုနေရာတွင်သာ ပြန်ထိုင်နေလိုက်သည်။

Sam က အခန်းတံခါးဖွင့်ဖွင့်ချင်း
ကြားလိုက်ရသည့်အသံက

" Sam နိုးနေပြီလား..."

ဆိုသည့် ယွန်ဆူ၏ အသံ

" အင်း..."

" မနက်စာရော စားမှာလား...
လာလေ သမီးလိုက်စောင့်ပေးမယ်..."

ဟု ပြောကာ Sam ကိုခေါ်နေပြီး

" ဒါနဲ့ ဟိုတစ်ယောက်ရော..."

ဟု ကျွန်တော့ကိုမေးလိုက်သည်ကို
Sam က

" သူ အိပ်နေတုန်း..."

ဟု ပြောလိုက်သည်...

" ဟင်...သူကမနိုးသေးဘူးလား..."

" အင်း..."

" လာလေ Sam...
သူ အိပ်ပျော်နေတာပဲ
သူ့ကိုထားခဲ့လိုက်လေ...
မနက်စာသွားစားရအောင်..."

" ရတယ် မနက်စာကို
Room Serviceယူထားလို့
လာပို့လိမ့်မယ်...အခန်းထဲမှာပဲ
စားလိုက်တော့မယ်..."

" သမီးစောင့်ပေးရဦးမလား..."

" ရတယ် သူနိုးတာကိုစောင့်ပြီးတော့မှ
အတူတူစားလိုက်မယ်..."

Jikk Too ( U + Z ) Donde viven las historias. Descúbrelo ahora