3 🌻

3.1K 423 21
                                        

( Unicode )

ကျွန်တော် တက္ကသိုလ်နောက်ဆုံးနှစ်မှာ
ကျွန်တော့ မိဘနှစ်ယောက်စလုံး
ကားAccidentဖြစ်ကာ ဆုံးပါးသွားခဲ့ကြပြီး အဖွားကလည်း သူ့သမီးနှင့်သားမက်စိတ်ဖြင့်
အိပ်ရာထဲတွင် ဗုန်းဗုန်းလဲကာ
နောက်တစ်နှစ်တွင် ဆုံးပါးသွားခဲ့သည်...

မိသားစုထဲတွင် အဖိုးနှင့်ကျွန်တော်သာ
ကျန်ခဲ့ပြီး ဘယ်သူမှမရှိတော့သည့်
LA တွင် ဆက်မနေချင်တော့သည်ကြောင့်
ကိုရီးယားတွင် အခြေပြန်ချရန်လုပ်ခဲ့ပေမယ့် ကျွန်တော်တစ်ယောက်တည်းသာ
ကိုရီးယားကို ပြန်လာခဲ့ရပြီး
အဖိုးကတော့ လိုက်မလာခဲ့ပေ...

ပြန်မလိုက်လာရသည့် အကြောင်းပြချက်ကို
ကျွန်တော်သိရချိန် အံ့သြတကြီး
ဖြစ်ခဲ့ရသည်...အဖိုးကပြောပြခဲ့သည်က
သူ ငယ်စဥ်က ကိုရီးယားတွင်
သူ သိပ်ချစ်ခဲ့​ရသည့် ငယ်ချစ်ဦး
အဖွားတစ်ယောက် ရှိခဲ့သည်တဲ့...

အကြောင်းအမျိုးမျိုးကြောင့်
ထိုအဖွားနှင့် လက်မထပ်ဖြစ်ဘဲ
ကျွန်တော့အဖွားကို လက်ထပ်ခဲ့သည့်အတွက် ထိုအဖွားအပေါ်တွင် တာဝန်မကျေ
ဖြစ်ခဲ့ကာ ပြန်ပြီးမျက်နှာမပြရဲသည်ကြောင့်
ကိုရီးယားကို သူဘယ်တော့မှ ပြန်ပြီး
ခြေမချတော့ဘူးဟု ဆုံးဖြတ်ချက်
ချခဲ့သည်တဲ့...

ထိုအကြောင်းကို ကြားတော့
ကျွန်တော်က အဖိုးကို မေးခွန်းတစ်ခု
မေးကြည့်ခဲ့သည်....

" ဖိုး... အဲ့အဖွားကို
အခုထိချစ်နေတုန်းပဲလား...."

ဟု မေးကြည့်တော့ အဖိုးကပြုံးပြသည်...
ထိုအပြုံးကို ကျွန်တော် အဓိပ္ပါယ်
အမျိုးမျိုး ဖော်ကြည့်မိသည်...

ချစ်နေတုန်းပဲ ဆိုသည့်အပြုံးလား...
ငါလိုလူက သူနဲ့မတန်ပါဘူးဆိုသည့်
အပြုံးလား... ဒီမေးခွန်းက
မေးနေစရာတောင် မလိုဘူးဆိုသည့်
အပြုံးလား... ဒါမှမဟုတ်
အတိတ်က ပုံရိပ်တွေက ခေါင်းထဲမှာ
တစ်ဖြည်းဖြည်းပေါ်လာသည်ကြောင့်
ပြုံးလိုက်သည့် အပြုံးလေလား...

သို့သော် အခုချိန်ထိ ကျွန်တော်
ရေရေရာရာ အ​ဖြေရှာမရသေးပါ...

ကျွန်တော် ကိုရီးယားကို ပြန်ရောက်ပြီး
တစ်နှစ်ကျော်ကျော်လောက်မှာ
အဖိုးဆီကနေ စကားတစ်ခွန်း
ကြားလိုက်ရသည်...အဲ့ဒါကတော့
သူ ကိုရီးယားကို လာနေပြီဆိုတာပင်...

Jikk Too ( U + Z ) Nơi câu chuyện tồn tại. Hãy khám phá bây giờ