27 🌻

2.9K 405 44
                                        

( Unicode )

ကျွန်တော့ဘေးနားကနေ
Sam ထသွားတော့
မသိချင်ယောင်ဆောင်ပြီး
လိုက်မသွားဘဲနေခဲ့သည်...

ကျွန်တော်ထိုင်နေသည့်
ထိုင်ခုံလေးဆီသို့ သစ်ပင်
အုပ်အုပ်ဆိုင်းဆိုင်းလေးတွေထဲကို
ဖြတ်ပြီး ဖြာကျပေးနေသော
နေပူစာလေးကိုလှုံရင်း
ကော်ဖီလေးသောက်ကာသီချင်းလေးကို
ပြန်နားထောင်နေလိုက်သည်...

အချိန်တစ်ခုကြာသွားတော့ Sam က
ကျွန်တော့နားကိုပြန်လာကာ
ကျွန်တော့ပုခုံးလေးကို ကိုင်လိုက်ပြီး

“ Baekhyunee...
ထမင်းစားရအောင်...”

ဟု လာပြောသည်ကြောင့်
ခေါင်းညိတ်ပြပြီး မတ်တပ်ထရပ်တော့
Sam ကျွန်တော့လက်ကလေးကို
ဆုပ်ကိုင်ကာ ဆွဲခေါ်သည်ကြောင့်
ကြောင်တောင်တောင်နှင့်
Sam ခေါ်ရာနောက်သို့
လိုက်လာခဲ့ရသည်...

ထမင်းစားပွဲကိုရောက်တော့
ထမင်းပွဲကို စုံစုံလင်လင်ပြင်ထားကာ
စားပွဲအလည်တွင် ကိတ်မုန့်ကလည်း
ရှိနေသေးသည်...

“ ဒီမှာထိုင်...”

ဟုပြောကာ သူထိုင်ခိုင်းသည့်
နေရာတွင် ထိုင်လိုက်ရသည်...

“ ကိုယ်ခုနက အပြင်သွားတာက
အန်တီက ကလေးအတွက်
မယောဂုချက်ပေးထားတယ်ဆိုလို့
ကိုယ်သွားယူတာ...အဲ့ရောက်တော့
ကလေးကြိုက်တဲ့ဟင်းတွေကိုပါ
အန်တီက ချက်ထားပေးလို့
ကိုယ်ယူလာခဲ့တယ်...”

ဟုပြောပြလာသည်...

“ မိီယောဂုကို စားမယ်မလား...”

ဟု မေးလာသည်ကို ကျွန်တော်က
ဘာမှပြန်မဖြေဘဲ ငြိမ်နေလိုက်တော့
Sam က

“ ဒီနေ့က မွေးနေ့ဆိုတော့
မီယောဂုကို သောက်မှဖြစ်မှာပေါ့...”

ဟုပြောလာသည်...

“ ဘာလို့ သောက်မှဖြစ်မှာလဲ...
မသောက်ရင်ရော ဘာဖြစ်လို့လဲ...”

ဟုမေးလိုက်တော့

“ ကမ္ဘာပေါ်မှာ အကောင်းဆုံး
မွေးနေ့လက်ဆောင်မို့လို့... "

"....."

" အမေတစ်ယောက်က
ကိုယ့်ကလေးရဲ့မွေးနေ့မှာ
စားစေချင်လို့ စေတနာတွေ
မေတ္တာတွေ အချစ်တွေနဲ့
ကိုယ်တိုင် ချက်ပေးထားတဲ့
မီယောဂုက အကောင်းဆုံးသော
မွေးနေ့လက်ဆောင်ပဲလေ...
သူ့ထက်ကောင်းတဲ့
မွေးနေ့လက်ဆောင်ဆိုတာ
ဘာမှ မရှိဘူး...

Jikk Too ( U + Z ) Where stories live. Discover now