26 🌻

1.9K 395 36
                                    

( Unicode )

ကျွန်တော်တို့ အခန်းခွဲနေပြီးကတည်းက
သူ့အခန်းထဲကနေ အပြင်ကို
ထွက်သည်ဟူ၍မရှိ။ တစ်ချိန်လုံး
အခန်းထဲမှာပဲ နေသည်။
သူငယ်ချင်းတွေနဲ့လည်း
အဆက်အသွယ်မလုပ်ဘဲ
သူငယ်ချင်းတွေက ဖုန်းဆက်ရင်တောင်
မကိုင်ဘူးဟု ကျွန်တော် ပြန်ကြားရသည်။
သူ့ပုံစံကိုကြည့်ရတာ အားလုံးကို
အဆက်အသွယ်ဖြတ်ထားချင်ပုံရသည်။

ကျွန်တော်နှင့် မျက်နှာချင်းမဆိုင်ဘဲ
ရှောင်နေပေမယ့် ကျွန်တော်
ပြင်ပေးထားသော မနက်စာ
နေ့လည်စာနှင့် ညစာလေးတွေကို
မပြတ်မကွက် စားပေးနေတာနဲ့တင်
ကျွန်တော့မှာ ကျေးဇူးတင်ရသည်...

သို့သော် သူလေးဘယ်လောက်ပဲ
ကျွန်တော့ကိုရှောင်ရှောင်
ကျွန်တော် ဆေးရုံကပြန်လာရင်
သူကြိုက်သည့် မုန့်တစ်ခုမဟုတ်တစ်ခု
ဝယ်လာကာ သူ့အခန်းတံခါးကို
ခေါက်ပြီး

“ Baekhyunee ကိုယ်မုန့်ဝယ်လာတယ်။
လာစားဦးနော်။ ကိုယ် ရေချိုးပြီး
ထွက်လာခဲ့မယ်...”

ဟုပြောကာ သူ့ကိုအခန်းထဲကနေ
မထွက်ထွက်အောင် လုပ်ရလေသည်။
ပထမတော့ မစားဘူးဟုသာ
တောက်လျှောက်ငြင်းသည်။
သို့သော် ကျွန်တော်က သူ မစားဘူးဟု
ဘယ်လောက်ပဲငြင်းငြင်း
တစ်လလောက် နေ့တိုင်းနီးပါး
မုန့်ဝယ်လာပြီး နေ့တိုင်းမုန့်ထွက်စားရန်
ခေါ်ခဲ့သည်...

ကျွန်တော် မုန့်ဝယ်လာပြီး
ခဏခဏလာခေါ်နေသည်ကို
ကြာတော့ သူလည်း
အားနာလာသည်ထင်သည်။

အခန်းထဲကနေထွက်ကာ
မုန့်လေးကိုတော့ လာစားပေးခဲ့သည်။
ဒါပေမယ့် ကျွန်တော်ရောက်မလာခင်
တစ်ခုတစ်လေလောက်ကို
အမြန်စားကာ သူ့အခန်းထဲသူ
ပြန်ဝင်သွားတတ်ခဲ့ပေမယ့်အခုတော့
ထမင်းစားပွဲတွင် မုန့်ဗူးလေးကို
ဖွင့်ကာ စောင့်နေတတ်လေပြီ။
တိုးတက်လာတယ်ပဲ ပြောရမလား...

မုန့်အတူတူစားကြရင်းနဲ့
သူလေးကို တစ်နေ့တာ
ကျွန်တော်ကြုံတွေ့သမျှတွေ
ပြန်ပြောပြလျှင် ရယ်စရာပါရင်
နှုတ်ခမ်းလေးလှုပ်ရုံသာပြုံးတတ်သည်...
တစ်ခါတစ်လေလည်း သူ့ကိုယ်သူတောင်
မသိဘဲ စိတ်လွတ်လက်လွတ် ရယ်သည်...

Jikk Too ( U + Z ) Where stories live. Discover now