18 🌻

2.2K 419 26
                                    

( Unicode )

လမ်းလျှောက်နေရင်းဖြင့်
အေးလာသည်ကြောင့်
ဟိုတယ်ကိုပြန်ရန်လုပ်လိုက်သည်...

လမ်းလျှောက်ထွက်သွားသည့်
Baekhyunee တို့ရော ပြန်ရောက်ပြီလား
သိချင်သည်ကြောင့် Tao ဆီကို
ဖုန်းဆက်ပြီး မေးလိုက်တော့
Baekhyunee က ကျွန်တော့ကိုရှာဖို့
ကမ်းခြေဘက်ကို ထွက်သွားသည်ဟု
သိလိုက်ရသည်...

ဒီအချိန်ကြီးကို ကျွန်တော်
ဘယ်နေရာမှာ ရှိမှန်းမသိဘဲနဲ့
ရှာဖို့ တစ်ယောက်တည်း
ထွက်လာရတယ်လို့ တကယ်ပါပဲကွာ...
အမှောင်ရိပ်တွေက များကများနဲ့...

ဘာရယ်မဟုတ် ချက်ချင်းဆိုသလို
စိတ်က ပူသွားသည် ..
သူကျွန်တော့ကိုရှာသလို
ကျွန်တော်လည်း သူ့ကိုရှာရန်
လုပ်ရတော့သည်...

ဘယ်နေရာကို ရှာရှာ
ဘယ်လိုမှ ရှာမတွေ့ချေ...
ရှာမတွေ့သည်ကြောင့် ပြန်လှည့်ရန်
လုပ်လိုက်သည့်အချိန် နားထဲတွင်
Sam ဆိုသည့် အော်သံလေးကို
သဲ့သဲ့လေး ကြားလိုက်သည်ကြောင့်
ပြန်လှည့်ကြည့်လိုက်သည်...

သို့သော် လူအရိပ်အယောင်တောင်
မတွေ့ပေ...

ကြားလိုက်ရသည့်နေရာကလည်း
အမှောင်ရိပ်ကျနေသည့်ဘက်က
ကြားသည်ကြောင့် နားကြားများ
လွဲသလားဟု ထင်လိုက်ပေမယ့်
တဟားဟားနှင့် အော်ရယ်လိုက်သည့်
လူတစ်ယောက်၏ အသံကိုလည်း သေသေချာချာကို ကြားလိုက်ရသည်...

အခြေအနေက ဘာမှန်းတော့မသိပေမယ့်
စိတ်ထဲမှာ သိပ်မသကာ်သည်ကြောင့်
ထိုအမှောင်ရိပ်ဘက်ကို
ပြေးကြည့်လိုက်တော့
လူတစ်ယောက်က သဲသောင်ပြင်ပေါ်မှာ
လဲနေကာ နောက်တစ်ယောက်က
ထိုတစ်ယောက်၏ အက်ျီကို
ချွတ်နေသည် ထင်သည်...

ဘာလဲ ကမ်းခြေမှာ အတွဲတွေ
သောင်းကြန်းနေတာလား...
အနားထိရောက်အောင် သွားရင်
မသင့်တော်တာကြောင့်
ပြန်လှည့်ကာ ခြေလှမ်းကို
နှစ်လှမ်းသုံးလှမ်းသာ
လှမ်းရသေးသည်....

ကျွန်တော့အနွေးထည်ကိုမြင်လိုက်သည်ဟု
ထင်သည်ကြောင့် ပြန်လှည့်ကြည့်တော့မှ
တကယ်ကိုပင် Baekhyunee...

သဲပြင်ပေါ်တွင် မေ့လဲနေကာ
အင်္ကျီရင်ဘတ်တွေကလည်း
အကုန်ပွင့်နေသည်...

Jikk Too ( U + Z ) Where stories live. Discover now