32 🌻

1.4K 233 64
                                        

Unicode

ကော်ဖီတွေ ပေနေသည့်သူ့ကို
သန့်စင်ခန်းထဲတွင်
သန့်ရှင်းရေးလုပ်ခိုင်းလိုက်ပြီး
အတန်းပြီးချိန်အထိ မစောင့်တော့ဘဲ
အိမ်ပြန်ခေါ်လာခဲ့တော့သည်....

ကားပေါ်တွင် နှစ်ယောက်သား
စကားတစ်ခွန်းမှမပြောဖြစ်ကြဘဲ
ငြိမ်နေကြပြီး သူကလည်း
အပြင်ကိုကြည့်နေကာ ကျွန်တော်ကလည်း
ကားကိုသာ ဂရုစိုက်ပြီး မောင်းနေခဲ့သည်....

အခန်းထဲမှာ ပြဿနာဖြစ်နေတုန်းကတော့
ဘာဘာညာညာ သိပ်မတွေးနိုင်ဘဲ
ပြောနေကြတဲ့လူတွေရဲ့ ပါးစပ်တွေ
ပိတ်သွားဖို့ အရေးသာ
ခေါင်းထဲရှိနေတာကြောင့်
လူတွေ အများကြီးကြားမှာ
နမ်းပစ်လိုက်ကြပြီး
အခု သွေးအေးသွားချိန်တွင်
နှစ်ယောက်စလုံး ရှက်နေကြလေသည်....

ခြံထဲကို ကားဝင်လာခဲ့ပြီး အိမ်ရှေ့တွင်
ကားရပ်ပြီးပြီးချင်း သူလေးက
ရေချိုးလိုက်ဦးမယ်ဆိုပြီး ကားပေါ်ကနေ
ဆင်းသွားကာ အိမ်ထဲကို
ပြေးဝင်သွားလေသည်....

ခဏကြာတော့ ရေချိုးပြီး
ခေါင်းကိုပါလျှော်ပစ်လိုက်ပုံရသည်....

သဘတ်တစ်ထည်ကို ခေါင်းကိုသုတ်ရင်း
ဧည့်ခန်းထဲတွင် ဖုန်းကြည့်နေသော
ကျွန်တော့ဘေးသို့ ဝင်ထိုင်လေသည်....

" Sam မနက်က ပြောတော့
အတန်းချိန်ကို မဝင်ဘူးဆို....
VIP လူနာကို ကြည့်စရာရှိလို့ဆို...."

" အင်းလေ...."

" အဲ့ဒါကို ဘယ်လိုဖြစ်လို့
ခုနကရောက်လာတာလဲ...
လူနာကိုရော ကြည့်ခဲ့ရဲ့လား...."

" ကြည့်ခဲ့ပါတယ်....ကြည့်ပြီးလို့
လူနာအခန်းထဲကနေ ထွက်လာပြီးပြီးချင်း သတင်းကိုမြင်လိုက်ပြီး Baek အဲ့လို
ပြသနာတက်နေတယ်ကြားလို့
ပြေးလာလိုက်တာ...."

" ကျွန်တော် ပြသနာတက်နေတယ်ဆိုတာ
Sam ဘယ်လိုသိတာလဲ...."

" ကိုယ့်ကို Sehun စာလှမ်းပို့တာ...."

" ဗျာ.... Sehun က ကျွန်တော့ဘေးမှာ
တစ်ချိန်လုံး အတူတူရှိနေတာကို
ဘယ်အချိန်က လှမ်းပို့လိုက်တာလဲ...."

" စာလေးတစ်ကြောင်းပို့ရတာ ဘာခက်လို့လဲ..."

ဟု ဒေါသသံ အနည်းငယ် စွက်နေသည့်
လေသံဖြင့် ပြောလာသည့် sam ကို
ကျွန်တော်ကြည့်လိုက်တော့ sam က
တကယ်ကိုပင် ဒေါသထွက်နေပုံရသည်....

Jikk Too ( U + Z ) Tempat cerita menjadi hidup. Temukan sekarang