33 🌻

1.2K 200 16
                                    

( Unicode )

ဖိုးဖိုး၏ ဇာပန အခမ်းအနားသည်
အေးအေးချမ်းချမ်းနှင့်ပင်
ပြီးစီးသွားခဲ့သည်….

ဖိုးဖိုးမိတ်ဆွေ အများအပြား နှင့်
ကိုကြီး အဖေနှင့်အမေတို့
မိတ်ဆွေတွေကလည်း
အားလုံး နီးပါး တက်ရောက်ပေးကြသည်….

နာရေးပွဲပြီးဆုံးသွားသည်နှင့်
ကိုကြီးလည်း အရုပ်ကြိုးပြတ်ဖြစ်ကာ
ဖျားပါဖျားလေသည်….

တစ်ပတ်တိတ် အိပ်ရာထဲသို့
ဘုန်းဘုန်းလဲသွားပြီး ဆရာဝန်တွေနှင့် အသည်းအသန်ကို ကုထားရခြင်း
ဖြစ်သည်….

တစ်ဦးတည်းသော အဖိုးက
မရှိတော့ပေမယ့်
ကျွန်တော့ ဖေဖေ မေမေ နှင့် ဖွားဖွားတို့က
ဖိုးဖိုး ကိုယ်စား ကိုကြီးကို ဝိုင်းပြီးချစ်ပေး
ဂရုစိုက်ပေးကြသည်….
ကျွန်တော်လည်းပါတာပေါ့…..

ကိုကြီး နေပြန်ကောင်းအောင်
ချော့တစ်ခါ ခြောက်တစ်လှည့်နှင့်
အစားကိုလည်း မဝင် ဝင်အောင်
တစ်ယောက်တစ်လှည့် ဝိုင်းကျွေးရကာ
ဂရုစိုက်ကြလေသည်…..

ကျွန်တော်ကျွေးလျှင် သေချာစားပြီး
အကုန် ကုန်အောင် စားသည်ကြောင့်
ကိုကြိးကို ထမင်းကျွေးရသည့်
အလုပ်သည် ကျွန်တော့ဆီသို့
အော်တိုမစ်တစ် ရောက်လာခဲ့သည်….

ကျွန်တော်ကျွေးရင် သေချာစားမှာပေါ့
ကြားဖူးလားမသိ ထမင်းတစ်လုပ်
တုတ်တစ်ချက်ဆိုတာ….

ဒါပေမယ့် ကျွန်တော်ကတော့
ထမင်းတစ်လုပ် အနမ်းတစ်ချက်ဖြင့်
ကျွေးရတာပေါ့…..

အဲ့ဒါကြောင့် ကိုယ်တော်ချောက
ထမင်းကို သေချာစားတာလေ….

ဟွင့် နေမကောင်းဖြစ်တာကို
အကြောင်းပြပြီး လူဆီကနေ
အနမ်းတွေကို ညာယူနေတာ….
ကျွန်တော်ကလည်း ပေးချင်တာတော့
သေချာပေါက် ပါတာပေါ့… ဟဲဟဲ

အခုတော့ သူလည်း အဆင်ပြေ
ကျွန်တော်လည်း အဆင်ပြေ…
That’s called Win-Win Situation.

ပြန်ပြီး ထူထူထောင်ထောင် ဖြစ်လာတော့
အမွေလွှဲဖို့ ကိစ္စတွေကို ဘာတွေက
လာပြန်ရော….

ဖိုးဖိုးက သူ အသက်ရှိစဉ်ကတည်းက
ဖွားဖွားကို ပိုင်ဆိုင်မှု၏ သုံးပုံတစ်ပုံပေးကာ
ကိုကြီးကို သုံးပုံနှစ်ပုံ ပေးမည်ဟု
ဆုံးဖြတ်ထားသော်လည်း ဖွားဖွားက
လုံးဝကို မယူဘူးဟု ယတိပြတ်
ငြင်းလိုက်သည်...

Jikk Too ( U + Z ) Where stories live. Discover now