24 🌻

2K 370 67
                                    

( Unicode )

မနက်မိုးလင်းတော့ မင်္ဂလာပွဲအတွက်
စီစဉ်စရာတွေကို ကလေးကိုခေါ်ပြီး
သွားရမည်ဖြစ်တာကြောင့်
သူ့ဆီကို ထွက်လာခဲ့တော့သည်...

ခြံထဲကို ဝင်လိုက်တာနဲ့
သစ်ပင်တွေကို ရေလောင်းနေသော
အန်တီ့ကိုတွေ့သည်ကြောင့်
ကားပေါ်ကနေဆင်းပြီး သွားလိုက်တော့

“ ဪ သားရောက်ပြီလား..."

" ဟုတ် အန်တီ...
ညက အိပ်လို့ကောင်းပါရဲ့လား...”

ဟု နှုတ်ဆက်လိုက်တော့ အန်တီက
ကျွန်တော့ကိုပြုံးပြကာ

" အေး အိပ်လို့ကောင်းပါတယ်...
သားရော...”

“ ကျွန်တော်ကတော့ စိတ်နည်းနည်း
ပူနေတာနဲ့ သိပ်ပြီး မအိပ်ဖြစ်လိုက်ဘူး...”

“ အယ် သားရယ် ဘယ်လိုဖြစ်လို့လဲ...
Baekhyunee နဲ့ အဆင်မပြေမှာ
စိုးလို့လား...”

“ ဟုတ်....”

ဟု အားပျက်နေသည့်အသံဖြင့်
ပြောလိုက်မိသည်...

“ မနေ့က သူဘာစားသေးလဲ အန်တီ...
အိပ်ရော အိပ်ရဲ့လား...”

ဟုမေးလိုက်တော့

“ အိပ်တာတော့ အိပ်တယ်...
အစားကတော့ ဘာမှမစားဘူး...”

“ ဟာ...ဗိုက်တွေ အောင့်ကုန်အောင်လို့...”

“ အခန်းတံခါးကိုပိတ်ထားတယ်...
သော့နဲ့ဖွင့်တော့လည်း အထဲကနေ
တစ်ခုခု ခံထားတယ်...
ဖွင့်လို့ကိုမရဘူး...”

“ အဲ့တော့ ဘယ်လိုလုပ်ထားလဲ...
အထဲမှာ တစ်ခုခုဖြစ်နေဦးမယ်...”

ဟု စိတ်ပူတာကြောင့်ပြောမိတော့

“ စိတ်မပူနဲ့ သူမသိအောင် အန်တီ
သူ့အခန်းမှာ CCTV တပ်ထားတယ်...
ခုတင်ပေါ်မှာ တစ်ချိန်လုံး လှဲအိပ်နေတာပဲ
မူမမှန်တာမျိုးတော့ မတွေ့ပါဘူး...”

“ အခုရော အန်တီ...သူနိုးပြီလား...”

“ အင်း...မနက်က နှိုးပြီးတော့
ပြင်ခိုင်းထားခဲ့တယ်...
ခဏနေရင် ထွက်လာလိမ့်မယ်...
မနက်စာလည်း ဘာမှမစားရသေးဘူး...
လမ်းမှာ တစ်ခုခု ဝင်ကျွေးလိုက်ဦး...”

“ ဟုတ် အန်တီ... “

ဟုပြန်ဖြေကာ ရင်မောနေတာကြောင့်
သက်ပြင်းချမိတော့ အန်တီက
စိတ်မကောင်းသည့်ပုံစံဖြင့်
ကျွန်တော့ကို ကြည့်လာသည်...

Jikk Too ( U + Z ) Where stories live. Discover now