29 🌻

1.7K 303 66
                                    

( Unicode )

ညနေ အိမ်ပြန်ရောက်တော့ Sam က
ကျွန်တော့အခန်းကို တံခါးလာခေါက်ကာ

“ Baekhyunee ထမင်းစားမယ်...”

ဟု လာခေါ်သည်ကြောင့်
ထွက်သွားလိုက်တော့ သူက
ထမင်းစားပွဲမှာ ထိုင်ပြီး
ကျွန်တော့ကိုစောင့်နေလေသည်...
ကျွန်တော်ဝင်ထိုင်ပြီး

“ ကျေးဇူးတင်ပါတယ်
ကောင်းကောင်းစားပါ့မယ်...”

ဟုပြောကာ ထမင်းစစားဖြစ်ခဲ့သည်...
စားနေရင်းနှင့် Sam က

“ ကျောင်းမှာ သူငယ်ချင်းအသစ်တွေ
ရနေပြီလား...”

ဟုမေးလာသည်ကြောင့်
ခေါင်းညိတ်ပြလိုက်ကာ

“ ဟုတ် ရနေပြီ...”

“ Chen တို့ထက်တောင်
ပိုခင်နေပြီလား...”

ဟု ထပ်မေးလာသည်...

“ အင်းးးးး ပိုခင်လားဆိုတော့
အဲ့လိုတော့ မနှိုင်းယှဉ်ဖူးဘူး...
သူနဲ့ကျရင်လည်း အေးအေးဆေးဆေး
ပျော်ပျော်ရွှင်ရွှင် ပေါင်းလို့ရသလို
ဟိုကောင်တွေနဲ့ကျရင်လည်း
ပေါင်းလို့ကောင်းတာပဲ...”

ဟု ပြောကာ ထမင်းတစ်ဇွန်းကို
ခပ်စားလိုက်တော့ Sam က
ခေါင်းညိတ်ပြပြီး

“ အင်း နေ့ခင်းက အပြင်ကို
အတူတူ ထွက်သွားတဲ့
ကောင်လေးလား...”

ဪ sehun နဲ့ အပြင်ကို
လိုက်သွားတာကို သူတွေ့လိုက်တာပဲ...

“ ဟုတ်တယ် သူဘာမှမစားရသေးဘူးဆိုလို့
Canteen ကို လိုက်စောင့်ပေးတာ...”

“ သူက သူ့ဘာသာသူ
မစားတတ်လို့လား...”

ဟုမေးလာသည့် Sam ကို
မော့ကြည့်လိုက်တော့
သူက ကျွန်တော့ကို ကြည့်မနေဘဲ
ထမင်းကိုသာ စားနေသည်...

စိတ်မဝင်စားချင်ယောင် ဆောင်နေပေမယ့်
မေးတဲ့မေးခွန်းက အဆန်းကြီး...
ဟားးးးဟားးးးး

သူမေးသည့်မေးခွန်းကို
ကျွန်တော်ကပြန်မဖြေတော့
သူက ထပ်ပြောလာပြန်သည်

“ နောက်လလောက်ကျရင်
ကိုယ်တို့ လက်ထပ်ထားတာကို
ပြောပြလိုက်တော့မယ်...”

ကျွန်တော် ဇတ်ခနဲ သူ့ကို
မော့ကြည့်လိုက်မိသည်...

“ ဘယ်သူ့ကိုလဲ...”

Jikk Too ( U + Z ) Where stories live. Discover now