( Unicode )
“ ကျောင်းသားကဒ်ရော ပါပြီလား...”
“ ပါပြီ...အကုန် Ready ပဲ...
သွားကြမယ်...”
ဟုပြောကာ
“ ဖေဖေ မေမေ တာ့တာ...
ဒီနှစ်လည်း မေမေ့ဆုတောင်းနဲ့
လွဲပြန်ပြီမို့ ဝမ်းနည်းမနေနဲ့နော်... “
ဟု သူ့အမေနဲ့ပြောထားသည့်ကိစ္စမှာ
သူစာမေးပွဲအောင်ရင် မဖြစ်တော့ဘူးဆိုသည့်
အဓိပ္ပာယ်ဖြင့် သူ့အမေကို စနေလေသည်...
“ အေးပါ...အေးပါ...
လွဲပါစေလို့ ဆုတောင်းနေပါတယ်...”
ဟု အန်တီကလည်း ရယ်ကျဲကျဲဖြင့်
ပြန်စလေသည်...
“ သား ဖိုက်တင်း...”
ဟု ဦးကတော့ သူ့သားကို
အားပေးနေသည်...
“ ဟုတ်...သားသွားပြီနော်...”
ဟုပြောကာ ကားပေါ်ကို
တက်သွားတာကြောင့်
ကျွန်တော်လည်း မောင်းသူနေရာကို
ဝင်ထိုင်ပြီး ကားမောင်းကာ
ထွက်လာခဲ့တော့သည်...
“ စိတ်ကို အေးအေးထား...
မေးခွန်းကို သေသေချာချာ
အစကနေအဆုံးထိ တစ်ခေါက်အရင်ဖတ်...
ဘယ်အပုဒ်တွေရတယ် မရဘူးအရင်ကြည့်...
ရတဲ့ဟာကို အရင်ဖြေ...ဖြေပြီးသွားတော့မှ
မရတဲ့ဟာကို ဖြည်းဖြည်းချင်းစဉ်းစား...
ဟုတ်ပြီလား...”
ဟု ဘေးနားတွင် ငြိမ်ငြိမ်လေး
ထိုင်နေသည့်သူ့ကိုပြောတော့
ခေါင်းလေးသာ ညိတ်ပြသည်...
ပါးစပ်ကတောင် ပြန်မဖြေပေ..
ပုံမှန်အခြေအနေမဟုတ်တာကြောင့်
“ ကိုယ်ပြောတာကြားလားလို့...
အုကျိလေး ဘာလို့ ငြိမ်နေတာလဲ
နေမကောင်းဘူးလား...
ဘာဖြစ်လို့လဲ...”
ဟု စိုးရိမ်ကာ မေးလိုက်တော့
“ စိတ်ထဲ တစ်မျိုးကြီးဖြစ်နေသလိုပဲ...”
ဟု သူ့ရင်ဘတ်ကလေးကိုဖိရင်း
တိုးတိုးလေးဖြေလာသည်...
“ ဘယ်လိုတစ်မျိုးကြီးလဲ...
ရင်တုန်နေတာလား...”
“ ဟုတ်မယ်ထင်တယ်...”
“ တွေ့လား ကိုယ်ပြောသားပဲ
အဲ့လိုစာမေးပွဲဖြေခါနီးဆို
ရင်တုန်တတ်ပါတယ်ဆိုတာကို...”
KAMU SEDANG MEMBACA
Jikk Too ( U + Z )
Fiksi PenggemarBaekhyun - ခင်ဗျားကြီးကို ကြည့်လို့ကို မရတာဗျာ..... ။ ။ Chanyeol - ငဂျစ်လေး မင်းကိုငါ တစ်ဖြည်းဖြည်းနဲ့ အသည်းယား လာပြီ.....။ ။
