13 🌻

2.3K 447 85
                                    

( Unicode )

“ Sam...ဟိုလေ ကျွန်တော့ကို
ခွင့်တစ်ပတ်လောက် ပေးလို့မရဘူးလားဟင် ”

သူရေးထားသော စာအုပ်ကို
စစ်ပေးရန် ကျွန်တော့လက်ထဲသို့
ထည့်ပေးရင်းနှင့် မေးလိုက်သောစကား...

“ ဟင်...ခွင့်က တစ်ပတ်တောင်လား...
ဘာလုပ်မလို့လဲ...”

“ ကျွန်တော် ခရီးသွားချင်လို့...”

“ ခရီးသွားမှာ ဟုတ်လား...
ဘယ်ကိုလဲ...ဘယ်သူတွေနဲ့လဲ...
အဟွတ် အဟွတ် အဟွတ်...”

“ သူငယ်ချင်းတွေနဲ့
ကမ်းခြေဘက်ကို ခရီးထွက်မလို့...
နောက်ပြီး ဟိုနေ့ကပြောတဲ့
သူငယ်ချင်းကောင်မလေးလည်း ပါမယ်...”

ဟု ပြောလာသည့် သူ့စကားအဆုံး
ဘောပင်တစ်ချောင်းနှင့် စာစစ်နေသည့်
ကျွန်တော့၏လက်သည် ရပ်တန့်သွားသည်...
ပြီးတော့မှ ဟန်ပြန်ဆောင်ကာ
စာကို အမှတ်ခြစ်လိုက်ရင်း

“ တစ်ပတ်ကြီးတောင် ကြာမှာလား...
အဟွတ်...အဟွတ်...အဟွတ်...”

ချောင်းဆိုးတာကို လက်သီးဆုပ်ဖြင့်
ကာ၍ ဆိုးလိုက်ကာ မေးလိုက်သည်...

“ တစ်ပတ်ဆိုတာ ခဏလေးပါSam ရဲ့...
Sam ချောင်းတွေဆိုးနေတယ်...
နေမကောင်းဘူးလား...”

မင်းလေးအတွက်ကတော့
ခဏလေးပေမယ့် ကိုယ့်အတွက်ကတော့
တစ်ကမ္ဘာလောက်တောင် ကြာတယ်...
စာလာမသင်ရတဲ့ လေးရက်မှာတောင်
ကိုယ် ဘယ်လိုဖြတ်သန်းနေရလဲ
မင်းလေး သိရဲ့လား...

မင်းမျက်နှာလေးကို
တစ်ရက်ကလေးမှ မမြင်ရဘဲ
မင်းအသံလေးကို တစ်ရက်ကလေးမှ
မကြားရဘဲ မင်းရယ်သံလေးတွေ
မင်းလူလည်ကျပုံလေးတွေ
အပျင်းတစ်ပုံလေးတွ ချွဲတဲ့ပုံလေးတွေကို
တစ်ရက်ကလေးမှ မမြင်ရရင်ကို
ကိုယ့်မှာ နေမထိထိုင်မသာဖြစ်နေရတာကို
မင်းလေးသိရဲ့လား....

ကိုယ့်အတွေးနဲ့ကိုယ်
စိတ်မောလာတာကြောင့်
အပြင်တွင် သက်ပြင်းချလိုက်မိသည်...

ကျွန်တော်သက်ပြင်းချလိုက်သည့်အချိန်တွင်
ကျွန်တော့ဘေးက ကလေးက

“ Sam က ခွင့်မပြုဘူးဆိုရင်
ကျွန်တော်မသွားတော့ပါဘူး...”

ဟု ပြောလာသည်ကြောင့်
ရုတ်တရက်သူ့ကို သတိရသွားပြီး
ကြည့်လိုက်တော့ သူလေးက
အောက်နှုတ်ခမ်းလေးကို
ကိုက်ထားကာ ခေါင်းလေးငုံ့နေလေသည်...

Jikk Too ( U + Z ) Where stories live. Discover now