( Unicode )
တင်းတောင်...တင်းတောင်...
“ အယ်...သားဒီနေ့
အစောကြီးရောက်တာပါလား...”
ဟု အန်တီက ကျွန်တော့ကို
နှုတ်ဆက်လေသည်...
“ ဟုတ်... ကျောင်းကစာသင်ချိန်
ဒီနေ့စောစောပြီးသွားလို့...”
“ အဲ့ဒါဆို အိမ်တောင်မပြန်ရသေးဘူးပေါ့...”
“ ဟုတ်...ကျောင်းကနေ
ဒီကို တစ်ခါတည်းတန်းလာခဲ့လိုက်တာ...”
“ ဟုတ်လား...အစာပြေတွေဘာတွေ
ဘာစားထားလဲ...”
ဟုမေးလာသည့် အန်တီ့အားရယ်ပြလိုက်ကာ
“ ဘာမှ မစားရသေးဘူး...”
ဟုပြောလိုက်တော့ အန်တီက
ပျာပျာသလဲဖြင့် ထိုင်ရာကနေထကာ
“ အယ် ဗိုက်ဆာနေတော့မှာပဲ...
ခဏလေးသား...အစာပြေလေးစားဖို့
တစ်ခုခုစီစဉ်ပေးမယ်...”
ဟု ပြောကာ ထမင်းစားခန်းထဲသို့
ဝင်သွားသော အန်တီ့နောက်သို့လိုက်ကာ
“ မဟုတ်တာ အန်တီ...ရပါတယ်...
အိမ်ပြန်မှပဲစားလိုက်ပါ့မယ်...”
“ အိမ်မှာလည်း ထမင်းဟင်း
ချက်ထားပေးမယ့်လူလည်း
ဘယ်သူမှမရှိဘဲနဲ့...”
ဟု ပြောလိုက်တော့ ကျွန်တော့မှာ
အံ့သြသွားရသည်... ကျွန်တော်
အံ့သြသွားသည်ကိုသိသော အန်တီက
“ အန်တီ ဘယ်လိုသိနေတာလဲလို့
အံ့သြသွားတာလား...”
“ ဟုတ်...”
“ ကိုယ့်ရဲ့သားမက်ဖြစ်မယ့်ကလေး
အကြောင်းကို နည်းနည်းတော့
စုံစမ်းထားရတာပေါ့..."
ဟုပြောကာ ကျွန်တော့ကိုစပြီးမှ
ပြန်ရပြကာ
" သားရဲ့အဖိုးဆီကနေ ကြားထားတာပါ...
သားက တစ်ယောက်တည်းနေပြီး
ထမင်းတောင် ကိုယ်တိုင်ချက်စားတာတဲ့...
ဒါဆို တော်တော်များများကို
ချက်တတ်မှာပေါ့...ဆရာဝန်မဖြစ်ခဲ့ရင်
စာဖိုမှူးကြီးလုပ်စားလို့တောင်
ရလောက်ရောမယ် ဟုတ်တယ်မလား...”
ဟု မေးလာသည်ကြောင့်
ခေါင်းနောက်က ဆံပင်ကို
အကြောင်းမရှိ ထိုးဖွလိုက်ရင်း
ČTEŠ
Jikk Too ( U + Z )
FanfikceBaekhyun - ခင်ဗျားကြီးကို ကြည့်လို့ကို မရတာဗျာ..... ။ ။ Chanyeol - ငဂျစ်လေး မင်းကိုငါ တစ်ဖြည်းဖြည်းနဲ့ အသည်းယား လာပြီ.....။ ။
