25 🌻

2K 389 99
                                    


မင်္ဂလာ အိပ်ခန်းအဖြစ်စီစဉ်ထားသော
ကျွန်တော့အိပ်ခန်းထဲသို့ဝင်လိုက်တော့
သူလေးက ဆိုဖာပေါ်တွင်
အိပ်ချင်ယောင်ဆောင်နေသည်...

“ ကလေးလေး ခုတင်ပေါ်မှာအိပ်လေ...
အဲ့လိုကြီးအိပ်ရင် နောက်နေ့ကျ
ခါးနာနေလိမ့်မယ်... “

ဟုပြောလိုက်ပေမယ့်
မကြားချင်ယောင်ဆောင်နေသည့်သူ့အား

“ ကိုယ်ပြောတာကြားလားလို့...”

ဟု အင်္ကျချွတ်ရင်းပြောလိုက်သည်...
သူလေးက မျက်လုံးကိုသေးသေးလေး
ခိုးပြီးဖွင့်ကြည့်ချိန် ကျွန်တော်အင်္ကျီ
ချွတ်နေသည်နှင့်တိုးပြီး ငုတ်တုပ်ထထိုင်ကာ

“ ဘာ...ဘာ...ဘာလုပ်တာလဲ...”

ဟု လက်ညှိုးထိုးကာ အော်လေသည်...
သူအော်မှ ကျွန်တော်တောင်ကြောင်သွားသည်

“ ဘာလုပ်လို့လဲ...”

ဟု အလန့်တကြားပြန်မေးမိတော့

“ အင်္ကျီဘာလို့ချွတ်နေတာလဲလို့...”

“ ရေချိုးမလို့လေ...”

ဟုပြောလိုက်တော့မှ ရန်လိုနေသည့်
မျက်ဝန်းလေးက ရှက်သွားသည့်နှယ်
ပုတ်ခတ်ပုတ်ခတ်နှင့် အကြည့်လွှဲ
သွားလေသည်...

“ ဘာတွေတွေးနေတာလဲ...
ကိုယ်က တစ်နေကုန်ပင်ပန်းထားလို့
ရေချိုးမလို့လုပ်နေတာလေ...”

“ မ...မ...မသိဘူးလေ...
ခုတင်ပေါ်မှာ လာအိပ်လို့ပြောပြီး
လက်က အင်္ကျချွတ်နေတာကိုး...”

“ ကြားရဲ့သားနဲ့မကြားချင်ယောင်
ဆောင်နေတာ မိပြီ...”

ဟုပြောလိုက်တော့ ကျွန်တော့ကို
မျက်စောင်းထိုးကာ ဆိုဖာပေါ်တွင်
ပြန်လှဲအိပ်သည်...

“ အိကျိလေး... ခုတင်ပေါ်မှာ
အိပ်လို့ပြောနေတယ်လေ...”

“ ကျွန်တော့ဘာ့သာ
ဘယ်မှာအိပ်အိပ်ဗျာ...”

ဟုပြောကာ ကျွန်တော်ပြောသည်ကို
အဖက်မလုပ်သည်ကြောင့် သူ့နားလေးကို
သွားလိုက်ကာ ပွေ့လိုက်သည်...

“ ဘာလုပ်တာလဲ...လွှတ်...”

“ ကိုယ့်စကားကို အရေးမှမလုပ်တာကိုး...”

Jikk Too ( U + Z ) Donde viven las historias. Descúbrelo ahora