4 🌻

2.9K 443 24
                                    

( Unicode )

“ တင်းတောင်....တင်းတောင်....”

ခြံထဲတွင် Jeckkie နှင့် ဆော့နေစဉ်
Bell သံကြားတာကြောင့် ခြံစည်းရိုး
တံခါးဘက်သို့ ပြေးပြီးထွက်လာခဲ့သည်...

ဘယ်သူလဲကြည့်လိုက်တော့
ဟင်... ဟိုချီးကား....
အဲလေ... Clubက လူ....

ဒီလိုမယုံသကာ်ဖြစ်ပြီး အိမ်အထိအောင်
လိုက်လာတယ် ဆိုတာကတော့
နည်းနည်းများသွားပြီ....

ဖုန်းနံပါတ်ပေးထားရဲ့နဲ့
ဖုန်းမဆက်ဘဲ လူကိုယ်တိုင်
ဘာလို့လိုက်လာမှန်းမသိဘူး...
အိမ်ကိုရော ဘယ်လိုများ စုံစမ်းထားလဲမသိ

ကား Accident ဖြစ်ထားတာကို
မေမေတို့သိသွားမှာ စိုးတာကြောင့်
ခပ်မြန်မြန်ပင် ခြံစည်းရိုးတံခါးလေးကိုဖွင့်ကာ
ခြံအပြင်သို့ ထွက်လိုက်ပြီး
သူ့လက်ကိုဆွဲကာ ခြံနဲ့ခပ်လှမ်းလှမ်းကို
ခေါ်သွားလိုက်သည်....

ကျွန်တော်ဆွဲလာသည့်လက်ကို
ဖြုတ်ကာ

“ ဘာလုပ်တာလဲ ဒါ....”

ဟု ရုပ််​တည်ကြီးနှင့်မေးလာသည်...
အောင်မာ သူက ပြန်မေးရတယ်ရှိသေး...

“ အဲ့ဒါ ကျွန်တော်ကမှ မေးရမှာ...
ခင်ဗျား ဒါဘာလုပ်တာလဲ..."

" ဘာလုပ်လို့လဲ..."

" ခင်ဗျားကို ကုန်ကျစရိတ်
အကုန်ပြန်ပေးပါမယ်လို့ ပြောထားတာကို
ဒီလောက်တောင် မယုံဘူးလား...
အိမ်အထိအောင်တောင် လိုက်လာတာ... ဝါးးးးးး... ယုံတောင်မယုံနိုင်ဘူး...

နေစမ်းပါဦး... ခင်ဗျားက
ကျွန်တော့အိမ်ကို ဘယ်လိုစုံစမ်းပြီး
လိုက်လာတာလဲ....ခင်ဗျားက
Stalker လား.... ပြော....”

ဟု မေးလိုက်တော့ ကျွန်တော့ကို
ပြုံးစိစိနှင့် ကြည့်နေကာ

“ မင်းက ဒီမှာ နေတာလား....”

ဟု အရယ်တစ်ဝက်ဖြင့် မေးလာသည်....
ဘယ်လိုမေးခွန်းကြီးတုန်း...
ကျွန်တော် နားမလည်သလိုပုံစံဖြင့်
သူ့ကိုကြည့်လိုက်မိသည်....

အခုသူပြောချင်တာက
ကျွန်တော်နေတဲ့နေရာကို သူမသိဘဲ
ရောက်လာတာပေါ့လေ...အပိုက
မဖြစ်နိုင်တာတွေ...

Jikk Too ( U + Z ) Where stories live. Discover now