[ Unicode ]
ပြတင်းပေါက်လိုက်ကာကို
မပိတ်ထားမိတာကြောင့်
မနက် မိုးလင်းတော့
အလင်းရောင်များက အခန်းထဲသို့
အလုအယက်ဝင်ရောက်လာသည်….
အလင်းရောင်ကြောင့်
မျက်လုံးကိုဖွင့်လိုက်တော့
မိုးလင်းနေပြီ….
မနေ့ညက Sehun ကျွန်တော့ကို
ပြန်လိုက်ပို့ကတည်းက
ကျွန်တော်ကားပေါ်မှာ
အိပ်ပျော်သွားတာ…
အခုမျက်လုံးဖွင့်လိုက်တော့
ကျွန်တော်က အိပ်ရာပေါ်ရောက်နေသည်....
နောက်ကျိနေသည့်ခေါင်းက
ကိုက်လာသည်ကြောင့်
နားထင်နှစ်ဖက်ကို
လက်မနှင့်လက်ခလည်ဖြင့်
ခွကာ ညှစ်လိုက်ပြီး ခြုံထားသော
စောင်ကိုခွာလိုက်ပြီးခုတင်ပေါ်ကနေ
ဆင်းလာခဲ့သည်….
အကြောဆန့်လိုက်ကာ
ရေချိုးခန်းထဲသို့ တန်းဝင်လိုက်ပြီး
ရေချိုးချလိုက်တော့မှ အနည်းငယ်
နေသာထိုင်သာရှိသွားသည်....
ရေချိုးနေရင်းဖြင့်
ဒီလောက်သောက်ဖြစ်ရသည့်
အကြောင်းကို ပြန်စဉ်းစားတော့
မနေ့က ပြသနာများက ခေါင်းထဲတွင်
တန်းစီပြီးပေါ်လာသည်….
အင်္ကျီဝတ်နေရင်းဖြင့် အနေခက်စေသည့်
ဒီအခြေအနေကနေ မနေ့ကလို
ကျောင်းသွားမယ်ဆိုပြီး
ရှောင်ထွက်သွားရအောင်
ကံက မကောင်းချင်တော့
ဒီနေ့က ပိတ်ရက်ဖြစ်နေသည်….
“ ရှောင်နေလို့ ဘာမှ ထူးမလာဘူး….
Sehun ပြောသလို
ငါ ပွင့်လင်းကြည့်ရမလား….
နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ်ပေါ့….
ငါ့ဘက်ကပွင့်လင်းပြီးတာတောင်
ပြန်အဆင်မပြေဘူး လမ်းခွဲမယ်ဆိုတော့လည်း
အဲ့ကျမှ ကွာရှင်းလိုက်ရင်ရတာပဲ….”
ဟု ကိုယ့်ဘာ့သာ
တစ်ယောက်တည်းပြောရင်း
ကြယ်သီးတပ်နေစဉ်
အခန်းတံခါးခေါက်သည့်
အသံကို ကြားလိုက်ရသည်….
“ ဟုတ်….”
ဟု ပြန်ဖြေလိုက်တော့
တံခါးဖွင့်ကာဝင်လာသည့်
Sam ကို တွေ့ရသည်….
“ သြော်….နိုးနေပြီပဲ….
အမူးပြေဟင်းရည်ချက်ထားတယ်
လာစားလို့ လာပြောတာ….”
ဟု ပြောကာ အခန်းအပြင်ကို
ပြန်ထွက်သွားသည့် Sam ကို
“ Sam….”
YOU ARE READING
Jikk Too ( U + Z )
FanfictionBaekhyun - ခင်ဗျားကြီးကို ကြည့်လို့ကို မရတာဗျာ..... ။ ။ Chanyeol - ငဂျစ်လေး မင်းကိုငါ တစ်ဖြည်းဖြည်းနဲ့ အသည်းယား လာပြီ.....။ ။
