( Unicode )
တစ်ဖုန်းဖုန်းနှင့်ရိုက်နေသည့်
အန်တီ့ကို တားလို့မရသည်ကြောင့်
ဘာလုပ်ရမှန်းမသိတော့ပဲ
အရိုက်ခံနေရသည့်ကလေးကိုသာ
ဆွဲဖက်လိုက်ရင်း ကာပေးရတော့သည်...အန်တီကလည်း ရိုက်နေရင်းနဲ့
ကျွန်တော့ကို ရိုက်နေမိမှန်းသိတော့မှ“ Chanyeol သားဖယ်ပေး...
ဒီကလေးကို အသိစိတ်လေးဝင်အောင်
ရိုက်ပေးမှရမှာ...အလိုလိုက်ထားတော့
ဆိုးနေတာ တအားကိုပဲ...ဆရာကိုလည်း ဆရာမှန်းမသိ...
လူကြီးကိုလည်း လူကြီးမှန်းမသိ...
အားနာရကောင်းမှန်းလည်းမသိ...
ပြောလေ ဒေါသထွက်လေပဲ...
မသိရင် အမေက မသွန်သင်
မဆုံးမထားတဲ့အတိုင်းပဲ...
Byun Baek Hyun...
ကိုယ့်အပြစ်ကိုယ်သိလား...”ဟုမေးလည်းမေး ကျွန်တော့ရင်ခွင်ထဲက
ကလေးကို အတင်းကိုဆွဲထုတ်နေပြန်သည်...“ ဟင့်အင်း... မသိဘူး...
သားဘာမှမမှားဘူး...
သားက စာမသင်ချင်တာပဲရှိတာ...
မေမေက အကြီးကြီးတွေ
လျှောက်ပြောနေတာ...”ဟု ကျွန်တော့ရင်ခွင်ထဲကနေ
ဂျစ်တူးက ပြန်အော်ပြောနေသည်...“ သြော်...ကဲ...ဒီကလေးကတော့
အရိုက်ခံနေရတာကိုမမှတ်ဘူး...
ဟိုမှာ မအေက ဒေါသထွက်နေတာကို
ငြိမ်ငြိမ်နေ...”ဟု သူ့ခေါင်းလေးကို အားနှင့်ဖိကာ
ပြောလိုက်တော့ ကျွန်တော့ကိုမော့ကြည့်ကာ“ ဟွန့်...အဲ့ဒါ ခင်ဗျားကြောင့်နော်...
ကျွန်တော်အရိုက်ခံနေရတာ
ခင်ဗျားကြီးကြောင့်...”ဟု ကျွန်တော့ကိုမော့ကြည့်ကာ
ရန်ထောင်ပြန်သည်... ဒီလောက်
အရိုက်ခံနေရတာကိုတောင် သူက
ရန်လုပ်နိုင်သေးသည်...“ အေးပါကွာ...အေးပါ...
ငါမှားတာပဲထားပါ....
အခုတော့ ငြိမ်ငြိမ်လေးနေပါဦး...
ငါ့ကျောပြင်တွေလည်း နာနေပြီ...”ဟုပြောလိုက်သည်ကို အန်တီက
ကြားသွားသည်ထင်သည်...
ရိုက်နေတာ ရပ်သွားကာ“ သား...အဲ့ကလေးကို ကာပေးမနေနဲ့...
အခုတော့ သားပါရောပြီးနာနေပြီမလား...
လွှတ်ပေးလိုက် သူ့ကို...အန်တီ့ကိုပေး...
ဒီနေ့ သူ့အရေခွံကို နွှာပစ်ရမယ်...”

YOU ARE READING
Jikk Too ( U + Z )
FanfictionBaekhyun - ခင်ဗျားကြီးကို ကြည့်လို့ကို မရတာဗျာ..... ။ ။ Chanyeol - ငဂျစ်လေး မင်းကိုငါ တစ်ဖြည်းဖြည်းနဲ့ အသည်းယား လာပြီ.....။ ။