5 🌻

3.2K 402 16
                                    

( Unicode )

“ ဒေါက် ဒေါက်...သားလေးရေ
မေမေ ဝင်လာပြီနော်...”

ဟု အသံပေးကာ သူ့အခန်းတံခါးကို
တွန်းဖွင့်ကာ ဝင်သွားတော့
အိပ်ရာပေါ်တွင်လှဲကာ နားကြပ်တပ်ပြီး
ဂိမ်းဆော့နေလေသည်...

အနားကိုသွားကာ
သူ့နားကြပ်ကလေးတစ်ဖက်ကိုဖြုတ်ပြီး

“ သား...ဆရာလာပြီလေ....
စာသင်ရမယ်...ထတော့ ထတော့...”

ဟု လောလိုက်ကာ ဂိမ်းဆော့နေသည်ကို
ရပ်ခိုင်းလိုက်သည်...ပြောစကားကိုတော့ နားထောင်သားပဲ...

ဂိမ်းကိုချက်ချင်းရပ်လိုက်ကာ
ဖုန်းကို ခေါင်းအုံးဘေးနားကိုချပြီး
စာကြည့်စားပွဲတွင် လာထိုင်လေသည်...

ကျွန်မကတော့ Chanyeol ကို
ကြည့်လိုက်ပြီးပြုံးပြခဲ့ကာ
အခန်းထဲကနေထွက်လာခဲ့တော့သည်...

“ ကဲ...ဘယ်ကစသင်ကြမလဲ...”

ဟု မေးလိုက်တော့ စာအုပ်တွေက
အကုန်လုံးကို ထုတ်လိုက်သည်...
ဒီဇိုင်းက သင်ချင်တာသင်ဆိုတဲ့သဘော...
ဒါ သူ စာတွေပိုင်နေတာမျိုးပဲ မဟုတ်လာ...

“ ဘယ်ဘာသာ အားအနည်းဆုံးလဲ...”

ဟု မေးကြည့်လိုက်တော့
သူက ပုခုံးကိုတွန့်ပြကာ
မသိဘူးဟု ပြန်ဖြေသည်...

“ Sam တို့ စကားနည်းနည်းလောက်
ပြောကြမလား...”

ဟု ပြောလိုက်တော့ ကျွန်တော့ကို
မော့ကြည့်လာသည်...
ဆံပင်လေးဘေးနှစ်ဖက်ကို
ပါးပါးလေးရှိတ်ပြီး ညှပ်ထားသည့်
ပုံစံလေးကြောင့် ပါးလေးနှစ်ဖက်က
ပြောင်ပြောင်အိအိလေးဖြစ်နေသည်...
ဟိုနေ့ကတွေ့တုန်းကတောင်
သူဆံပင်မညှပ်ရသေးပါဘူး...

“ ဘာပြောမှာလဲ...လျော်ကြေးကိစ္စလား...
အဲ့ဒါ ကျွန်တော်ပေးမယ်လို့
ပြောပြီးပြီလေဗျာ...”

“ မဟုတ်ပါဘူး.... အခု Sam ဒီကို
ရောက်နေတာက မင်းကို စာသင်ပေးဖို့...
အဲ့ဒါကြောင့် စာသင်ပေးရမယ်...
မင်းလည်း စာလိုက်လုပ်ရမယ်...
မင်းအားနည်းနေတဲ့ ဘာသာကိုသိမှ
Sam က ဖိပြီး သင်ပေးလို့ရမှာပေါ့...”

“ ကျွန်တော့မှာ အားနည်းတဲ့ဘာသာဆိုတာ
အကုန်လုံးပဲ...”

ဟု ပြန်ဖြေလာသည်...
ကျွန်တော်သိရသလောက်တော့
သူစာတွေအကုန်ကျေညက်နေပြီဆိုပြီး
အခုကျတော့ အကုန်လုံးက
အားနည်းပါတယ်ဆိုတော့
ဒီကလေးလေးကတော့
ကျွန်တော့ကို လိမ်နေပါပြီ....

Jikk Too ( U + Z ) Donde viven las historias. Descúbrelo ahora