28 🌻

1.7K 295 53
                                        

( Unicode )

အထက်တန်းစာမေးပွဲရမှတ်က
ဆေးမှတ်ကိုမှီသည့်အတွက်
ကျွန်တော်ဆေးကျောင်းတက်နေတာ
ဒီနေ့နဲ့ဆို တစ်လတိတိရှိပြီ...
သူငယ်ချင်းတွေနှင့်
ကန်တင်းတွင် ဆုံမိချိန်

“ ဟျောင့် Sam နဲ့အခြေအနေ...”

ဟု Chen က ကျွန်တော့ကို
မေးလာသည်...
ထိုမေးခွန်းအတွက်
ကျွန်တော့မှာ အဖြေရှိမနေ...
ထို့ကြောင့် ပုခုံးကိုသာတွန့်ပြလိုက်ရင်း
မေးခွန်းကိုကျော်လိုက်သည်...

“ အဲ့ဒါ ဘာလုပ်ပြတာလဲ...
အဆင်ပြေတယ်လို့ ပြောချင်တာလား
မပြေသေးဘူးလို့ ပြောချင်တာလား...”

ဟုထပ်မေးလာသည်...

“ ငါလည်း ဘာမှန်းမသိတော့ဘူး...
Sam ကတော့ ငါနဲ့အရင်လို
ပြန်အဆင်ပြေဖို့ကြိုးစားနေပေမယ့်
ငါကျတော့လည်း သူနဲ့စိမ်းသွားသလို
ခံစားရတယ်...အရင်လို
ရင်းနှီးမှုမရှိတော့သလိုပဲ...”

“ အဲ့ဒါက မင်းဘက်က
စိတ်ကို လွတ်လွတ်လပ်လပ်
မဖွင့်ပေးလို့ဖြစ်မှာပေါ့...”

“ မသိတော့ဘူး...”

“ မသိတော့ဘူး လုပ်မနေနဲ့...
မင်း Sam ကို မချစ်တော့ဘူးလား...”

“ ငါ တကယ် မသိတော့ဘူး...”

“ မင်းကသာ မတွေးချင်ဘူးလုပ်နေ
ယွန်ဆူက အခုထိ
လက်လျှော့သေးတာမဟုတ်ဘူး...”

“ လက်မလျှော့လို့
ပါသွားတော့လည်း သွားပေါ့ကွာ...”

“ ဟျောင့် စကားကို
အလွယ်လေးမပြောနဲ့...
ဟိုတစ်ယောက်က Sam ကိုဆို
အသေရရ အရှင်ရရ လိုချင်နေတာ...
မင်းမသိတာလည်း မဟုတ်ဘူး...”

“ အေးလေ ငါသိတယ်...
ငါပြောပြီးပြီပဲ...ယူလို့ရရင် ယူသွားလို့...
ငါဘာကိုမှ အစွဲမထားဘူး...
အဲ့လောက်မှ စိတ်မချရရင်
ငါသူ့ကိုယူထားတာ အလကားပဲပေါ့...”

“ မင်း Sam ကို
တကယ်မချစ်တော့တာလား...”

“ ငါမသိဘူး...”

“ ငါ့မေးခွန်းက မခက်ပါဘူး...”

“ မသိဘူး...ငါတကယ်မသိတော့ဘူး...
အဲ့အကြောင်းစဉ်းစားရင်
တကယ်ပင်ပန်းတယ်...”

Jikk Too ( U + Z ) Where stories live. Discover now