15 🌻

2.5K 444 38
                                        

( Unicode )

“ အဲ့ဒါဆိုရင် နင့် Sam က
နင့်ကြောင့် ဒီခရီးကိုလိုက်တာပေါ့...”

“ အင်း...ငါ့ကိုစိတ်မချလို့
လိုက်ပါတယ်ဆိုမှတော့ ငါ့ကြောင့်ပေါ့...”

“ ဘာကိုစိတ်မချတာလဲ မသိဘူးနော်...”

“ ငါလည်း အဲ့ဒါကိုပဲသိချင်တာ...
ငါ ဟိုကောင်တွေနဲ့ ခရီး
အမြဲတမ်း သွားနေကျပဲကို...
မေမေတို့တောင် စိတ်ပူတာမဟုတ်ဘူး...
အဲ့ဒါကို Samက သူစိတ်ပူပါတယ်ဆိုတော့
ငါလည်း ဘာပြောလို့ပြောရမယ်မှန်းတောင်
မသိဘူး...”

“ အင်းနော်...”

“ နောက်ပြီး သူ့မှာ ရေနဲ့ပတ်သတ်ပြီး
စိတ်ဒဏ်ရာကလည်း ရှိသေးတယ်...”

“ စိတ်ဒဏ်ရာ ဟုတ်လား...
ဘာကြီးလဲ...”

“ ငါ မပြောပြချင်ဘူးဟာ...
Sam က ဒီကိစ္စကို
ငါ့တစ်ယောက်တည်းကိုပဲ
ပြောပြထားတာဆိုတော့
ငါလျှောက်မပြောချင်ဘူး...”

“ အေးပါ...အေးပါ...
မပြောနဲ့တော့...ငါလည်း
ဒီအတိုင်း မေးလိုက်တာ...
အခုရော Sam နေမကောင်းဖြစ်တာ
သက်သာသွားပြီလား....”

“ အင်း... ငါဖုန်းဆက်ကြည့်တော့
သက်သာတယ်လို့ပြောတာပဲ...”

“ နင်ကလည်း သွားကြည့်လိုက်ဦးလေ...”

“ သွားကြည့်သင့်လား....”

“ ကြည့်သင့်တာပေ့ါ...
နင်လည်း စိတ်မချဖြစ်နေတာပဲကို...
သွားကြည့်လိုက်တော့ နင်လည်း
စိတ်အေးရတယ်...နင့် Sam လည်း
ပျော်သွားမယ်ထင်တယ်...”

“ ပျော်သွားမယ် ဟုတ်လား...
Sam က ငါသွားတာနဲ့
ဘာလို့ ပျော်မှာလဲ...”

ဟူ နားမလည်သည်ကြောင့်
မေးလိုက်တော့

“ ငါ့အထင် ပြောပြရမလား...”

ဟု ဟာနီက ခပ်တိုးတိုးပုံစံဖြင့်
ပြောလာသည်ကြောင့်
နားစိုက်ထောင်လိုက်တော့

“ ငါ့အထင် Sam က နင့်ကို
ကြိုက်နေတယ်ထင်တယ်...”

“ အာ..ယမဖြစ်နိုင်တာ...
ဟာနီမ နင်ကတော့
လျှောက်ပြောပြန်ပြီ....”

“ ဘယ်သူပြောလဲ မဖြစ်နိုင်ဘူးလို့...
ဖင်ပိတ်မငြင်းနဲ့ နင်သေချာပြန်စဉ်းစား...
နင်တစ်နေ့တစ်နေ့ နင်နဲ့
နင့် Sam အကြောင်း
ငါ့ကို ပြောပြောနေတာတွေကို
နားထောင်ပြီး ငါကတော့
အဲ့လိုပဲ ထင်တယ်...”

Jikk Too ( U + Z ) Where stories live. Discover now