19 🌻

2.1K 361 49
                                    

( Unicode )

“ Sam တို့ကို မနှိုးတာ
ပိုကောင်းမယ်ထင်တယ်နော်...”

ဟု ဖုန်းကို ကိုင်ရင်းပြောလာသည့် Tao ကို

“ အင်း.. ဒီနေ့တော့
ငါတို့ချည်းပဲ သွားလိုက်မယ်...
Baekhyunee က
နေသိပ်မကောင်းဘူးဆိုတော့
အခုချိန် နိုးဦးမယ် မထင်ဘူး...”

ဟု ပြန်ပြောရင်း ဟာနီ့ဆီကို
ဖုန်းဆက်လိုက်သည်...

“ ဟာနီ နိုးပြီလား...
မနက်စာသွားစားကြမယ်လေ...”

“ အေး ငါတို့ထွက်လာပြီ...”

ဟု ပြန်ဖြေသည်ကြောင့် ဖုန်းကိုချလိုက်ကာ
အခန်းထဲကနေ သူငယ်ချင်းနှစ်ယောက်
ထွက်လာချိန် ကျွန်တော်တို့အခန်းရှေ့မှာ
မတ်တပ်ရပ်နေသော ယွန်ဆူ...

သို့သော် ကျွန်တော်တို့အခန်းကို
ကျောပေးထားကာ Sam အခန်းကို
မျက်နှာမူပြီး ဘဲလ်ကိုတီးရန်
လုပ်နေသည်ကြောင့် Tao က အနားကို
အမြန်သွားလိုက်ကာ ယွန်ဆူ၏လက်ကို
လှမ်းဆွဲကာ တားလိုက်သည်...

“ Sam တို့ နိုးဦးမှာမဟုတ်ဘူး...
သူတို့ကို မနှိုးဘဲ ထားလိုက်ပါ...
ငါတို့ချည်းပဲ သွားစားကြမယ်လေ...”

ဟု Tao က အေးအေးဆေးဆေး
ပြောလိုက်သည်...

“ Sam တို့... ဟုတ်လား...
Sam ရဲ့အခန်းထဲမှာ Sam အပြင်
တစ်ခြားဘယ်သူရှိနေသေးလို့လဲ...”

ဟုထပ်မေးလာသည်ကို...

“ Baekhyunee နေသိပ်မကောင်းလို့
Sam က သူ့အခန်းမှာ ခေါ်သိပ်လိုက်မယ်
ဆိုပြီး ညက ငါတို့ဆီဖုန်းဆက်တယ်...”

ဟု ထပ်ပြီး ကောင်းကောင်းမွန်မွန်
ပြန်ဖြေလိုက်ပေမယ့် သူမက

“ သူက ဘာလို့ နေမကောင်းဖြစ်တာလဲ...
နေမကောင်းဖြစ်ရင်တောင်
Sam အခန်းမှာ သွားအိပ်စရာလိုလို့လား...
နေပါဦး နေမကောင်းတာရော
သေချာရဲ့လား...”

ဟု ထပ်ပြောလာသည့် ယွန်ဆူကို
စိတ်တိုသွားသည်ကြောင့်
ပြောရန်လုပ်လိုက်စဥ်

“ သူ့ဘာ့သာသူ တကယ်ပဲ
နေမကောင်းဖြစ်လို့ ဝင်အိပ်အိပ်...
တမင်အိပ်ချင်လို့ပဲ ဝင်အိပ်အိပ်..
အခု အဲ့အခန်းထဲမှာ
Chanyeollie Hyung နဲ့
Baekhyunee နဲ့ အတူတူ
အိပ်နေကြတယ်...”

Jikk Too ( U + Z ) Hikayelerin yaşadığı yer. Şimdi keşfedin