12 🌻

2.4K 460 121
                                        

( Unicode )

အဆင်မပြေဘူး ထင်ထားရာကနေ
တစ်ဖြည်းဖြည်း ရင်းနှီးမှုရလာပြီး
ပြောစကားကိုလည်း နားထောင်လာသည်...
စာကို ဂရုတစိုက်နှင့်လုပ်လာသည်...
တစ်ဖြည်းဖြည်းနှင့်
ကလေးဆန်တာလေးတွေလည်း
တွေ့လာရသည်....

သို့သော် သူစာကို ဂရုတစိုက်နှင့်
လုပ်နေသည့် ရည်ရွယ်ချက်ကလေးကို
သိရတော့ စိတ်မကောင်းဖြစ်ရသေးသည်...

သူက ကျွန်တော်နှင့်
လက်မထပ်ချင်တာကြောင့်
ဒီလိုမျိုး တစိုက်မတ်မတ်နှင့်
စာကြိုးစားနေတာ မဟုတ်ပါလား...

တစ်ဖက်ကကြည့်ရင်လည်း
ကောင်းသလိုလိုနဲ့
တစ်ဖက်က ပြန်ကြည့်တော့
မကောင်းပြန်ဘူး...

ကျွန်တော့အဖြစ်ကလည်း ရယ်ချင်စရာ
ဆုပ်လည်းစူး စားလည်းရူးဖြစ်နေပြီ...
စာမေးပွဲအောင်ဖို့ Guide လာလုပ်နေရပြီး
စာမေးပွဲအောင်သွားရင်လည်း
ကျွန်တော်တို့ လက်ထပ်ဖို့ကိစ္စက ပလုံပြီ...

မအောင်ရင်လည်း လက်တော့ထပ်ရပေမယ့်
ဒီကလေးက လက်ထပ်ချင်မှာလည်း
မဟုတ်သလို စာမေးပွဲကို အောင် အောင်
မသင်ပေးနိုင်တဲ့အတွက်
ကျွန်တော့နာမည်ကလည်း ပျက်ဦးမည်...

ကဲ ဘယ်လိုလုပ်ကြမတုန်းဗျာ...

ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်နေပြီး
ကျွန်တော့အရှေ့တွင် စာလုပ်နေသော
အီးပေလေးဆီသို့ အကြည့်က
ရောက်သွားတော့ ကျွန်တော့ကို
မျက်စောင်းထိုးကြည့်နေသော
ငဂျစ်လေးနှင့် တိုးလေသည်...

“ အမလေးဗျ...”

လန့်သွားသည်ကြောင့် ပါးစပ်ကနေတောင်
အမလေး တလိုက်ရသည်...
အမှန်တော့ ကိုယ့်အတွေးနဲ့ကိုယ်
တွေးနေစဉ် လူမိသွားသောကြောင့်
လန့်သွားခြင်းဖြစ်သည်...

သို့သော်လည်း အရှက်ပြေ
ချောင်းပြန်ဟန့်လိုက်ပြီး

“ လန့်လိုက်တာကွာ...မျက်စောင်းကြီးက ဘာလို့ ထိုးနေပြန်တာလဲ...
ဘာဖြစ်လို့လဲ... ပြော...”

ဟုမေးလိုက်တော့

“ Sam လို့ ကျွန်တော် ခေါ်နေတာ
ခုနှစ်ဆယ့်နဲ့မှ ရှစ်ခါ ရှိတော့မယ်...
Sam စိတ်တွေ ဘယ်ရောက်နေလဲ...
စိတ်ကိုမစုစည်းနိုင်ရင် ကျွန်တော်တို့
စာသင်နေတာကို ရပ်လိုက်ကြမလား...”

Jikk Too ( U + Z ) Where stories live. Discover now