UNICODE
.....................
_______
PART 23
_______
ရပ်ကွက်လမ်းထဲတော်တော်ဝင်မှ ရောက်သော တိုက်ခန်းတွဲလေးတွေရှိတဲ့ရှေ့ ထည်ဝါ့ကားလေးကရပ်လိုက်လေသည်။"အမယ် ထည်ဝါ နင့်ကားထဲကအမွှေးခဲက သုတပြောတဲ့ တောသားရေမွှေးနံ့မဟုတ်တော့ပါလား သံပုရာနံ့သင်းလို့"
"ဒရိုင်ဘာဝယ်လာတာ ငါမှာတာမဟုတ်ဘူး"
"ငါကရော နင်ဝယ်ခိုင်းတာလားမေးနေလို့လား"
စကားနာထိုးနေကြရင်းကသုတအိမ်သစ်လေးသို့ရောက်လာခဲ့ကြပြီ။
ဆယ်ထပ်မြင့်သောအဆောက်အအုံကြီးရဲ့ ကုိးထပ်မြောက်မှ အခန်းကိုသုတက ငှားနေခြင်းဖြစ်လေသည်။ အနည်းငယ်ကျဥ်းသည်ဟုထင်ရသော်လည်း လူငယ်တစ်ယောက်ထဲနေဖို့အတွက်ကျ လုံလောက်သည်ထက်ပင် ကျယ်၍နေသေး၏။ကားလမ်းနဲ့နီးသလို အရမ်းလည်းခေါင်မနေသည့်အပြင် ထည်ဝါတို့အိမ်နှင့်မနီးမဝေးတွင်ပါရှိလေသည်။
"အင်း မဆိုးပါဘူး ကျယ်လည်းကျယ်တယ် သန့်လည်းသန့်တယ်"
လူးလူရဲ့ အပြောကိုထည်ဝါကခေါင်းငြိမ့်ပြလိုက်ပြီး သုတကလည်းထောက်ခံလေသည်။
"ဟုတ်တယ် တန်လည်းတန်တယ် ဘေးခန်း
တွေမှာတော့ အခန်း32 က မြေးအဖိုးနှစ်ယောက်နေတယ် အခန်း 34 က gym trainer တစ်ယောက်ဆိုလားမသိဘူးနေတယ်တဲ့""အဲ ငါချိန်းထားတာမေ့နေတယ် ထည်ဝါလုပ်ပါဦး ကားဂိတ်ဘက်ထွက်တဲ့လမ်းကိုမမှတ်မိလို့လိုက်ပို့ဦး"
"နင်ကဖြစ်လိုက်ရင် အသည်းအသန်"
"သုတရေ နောက်နေ့မှထပ်လာလည်မယ် ခုငါသွားတော့မယ်"
"အင်း ကြွ ငါလဲ ငါ့အဖေကို အခန်းပုံရိုက်ပြလိုက်ဦးမယ်"
"သုတငါသူ့လိုက်ပို့ပြီးမှ ငါ့ကားထဲကမင်းပစ္စည်းတွေကူရွှေ့ပေးမယ်"
"အင်း"
တစ်အောင့်အကြာတွင် ထည်ဝါပြန်ရောက်လာကာ သုတနှင့်အတူတူ ပစ္စည်းများအား ရွှေ့ကြရလေသည်။
"တော်သေးတယ် ကုတင်တွေဘာတွေက နဂိုထဲကပါနေ လို့ မဟုတ်ရင် ဒီအထပ်အထိတင်ဖို့ဆို သေရချည်ရဲ့"