PART 30

177 10 0
                                    

Unicode
............
PART 30
................

"online shop က အဆင်ပြေတယ် ဟီး ဟီး စတော်ဘယ်ရီတွေကကြီးပြီး လတ်တော့ တခြားမြို့ကလူတွေပါမှာကြတာ"

အေဒီ ကျောင်းပိတ်ရက်တွင် အပို၀င်ငွေရသဖြင့်ပျော်နေလေသည်။ထိုကြောင့်ပင်မဟုတ် စတော်ဘယ်ရီတွေ လာလာခူးရင်း အိမ်သို့မပြန်နိုင်လောက်အောင်အလုပ်များနေသောပိုင်လေးနှင့်လည်း တွေ့ဆုံခွင့်ရသဖြင့် စိတ်ချမ်းသာနေတော့သည်။ဒေါ်ခိုင်လေးမှာတော့ သားဖြစ်သူ ဂိမ်းမ‌ေဆာ့တော့ဘဲ အခန်းထဲတွင်ပိတ်မနေဘဲ လေကောင်းလေသန့်ရှူကာ အလုပ်ကြိုးစားပန်းစားလုပ်နေသဖြင့် အကျေနပ်ကြီးကျေနပ်နေရှာ၏။စတော်ဘယ်ရီများကို လိုင်းပေါ်တွင်ပိုစ့်တင်ကာရောင်းနေသော အေဒီ အလုပ်ဖြစ်ကြောင်း စိုက်ခင်းထဲတွင် ပြောပြနေသည်မှာ နေ့ချင်းညချင်းပင် ဘီလျံနာကြီး ဖြစ်တော့မည့်အလားပင်။ပိုင်လေး လက်တွေကအလိုအလျောက် အေဒီ့ခေါင်းတို့ကို ပုတ်ပေးလိုက်မိလေသည်။

"ကြိုးစားပမ်းစားရောင်းပြီး ဘာဆက်လုပ်မှာလဲ"

"ကျောင်းထွက်ပြီး တစ်နိုင်ငံလုံးအနှံ့ စတော်ဘယ်ရီဖြန့်ချီရေးလုပ်လိုက်ရင် ကောင်းမလား မင်းတို့ဆီကယူတာဆိုပေမယ့် ငါ့ဆိုင်နာမည်နဲ့ပေါ့ ဟဲဟဲ"

"ဒါဆို မင်းရှာကျွေးတာပဲ ထိုင်စားတော့မယ် ဘယ်လိုလဲ"

ငုတ်တုတ်ထိုင်ကာ ကြီးပေ့ ရွှန်းစိုပေ့ စတော်ဘယ်ရီသီးများကိုရွေးယူနေရမှ ပိုင်လေးစကားကိုကြားသောအခါ မိမိအား ဒူးနှစ်လုံးပေါ်လက်တင်ခေါင်းမှီထားရင်း ကြည့်နေသော ပိုင်လေးအားတွန်းထုတ်လိုက်မိတော့၏။

"ဘာတွေလာပြောနေတာလဲ"

အေဒီ ရှက်ရမ်းရမ်းကာ ထတော့မည်အပြု လက်ကိုအဆွဲခံလိုက်ရကာ မြေကြီးပေါ်ထိုင်လျက်သားဖြင့် ကျလေတော့သည်။အေဒီ့အား နောက်မှသိုင်းကာဖက်ထားလိုက်ရင်းက လက်တစ်ဖက်ကလည်း ရွှေဖြူရောင်ဆံပင်တွေကို ဖွပေးနေလိုက်၏။အေဒီ မချိုမချဉ်ရုပ်ဖြင့်ပြုံးကာ ခြင်းထဲကခူးပြီးသား စတော်ဘယ်ရီသီး တစ်လုံးကိုယူကာ
အက်ျ ီလက်ဖြင့်သုတ်လိုက်သည်။ထို့နောက် ချဉ်စူးနေသော စတော်ဘယ်ရီကိုစားလိုက်ရင်း ပိုင်လေးကိုပြောလေ၏။

AD, Can I be your strawberry?Where stories live. Discover now