PART 9

630 84 6
                                    

UNICODE
.....

Part 9
......

တိုင်ကပ်နာရီစင်ကြီးမှ ည 12 နာရီထိုး အချက်ပေးသံက အိမ်ကြီးထဲတွင်ပဲ့တင်ထပ်လို့နေလေသည်။
ပိုင်လေး စာကြည့်စားပွဲကမထဖြစ်သေး။အတွေးပေါင်းစုံဖြင့် အာရုံလွင့်လို့နေလေ၏။

စားပွဲအောက်ဆုံးအံဆွဲထဲက စာအုပ်အထပ်တွေရဲ့အောက်ဆုံးမှာ ရှိတဲ့ ဓာတ်ပုံတစ်ခုကိုဆွဲထုတ်လိုက်လေသည်။

"ထက်မြက် ငါ့မှာသူငယ်ချင်းတည်မြဲဖို့ကံမပါဘူးထင်တယ်"

ပိုင်လေးဓာတ်ပုံလေးကိုကြည့်ကာ ရေရွတ်လိုက်လေသည်။ ဓာတ်ပုံထဲတွင်တော့ လေးငါးနှစ်အရွယ်ကောင်လေးနှစ်ယောက်အပြစ်ကင်းစွာပြုံးလို့နေ၏။တစ်ယောက်မှာပိုင်လေးဖြစ်ပြီး ကျန်တဲ့တစ်ယောက်မှာတော့ လွန်ခဲ့သည့် ၁၁ နှစ်ကဆုံးသွားပြီဖြစ်သောပိုင်လေး၏ သူငယ်ချင်း ထက်မြက်။ ။

XxxxxxX

"သား ပိုင်လေးအိပ်ရေးတွေများပျက်သလား မျက်ကွင်းတွေကျလို့"

ထမင်းချက်ဒေါ်စောမေးလိုက်တော့ဦးကျော်ကျော်က သူ့ရဲ့အမဲပစ်သေနတ်ကိုဖုန်သုတ်နေရာမှ မေးလိုက်လေသည်။

"နေမကောင်းတာလား ငပိုင် "

"မဟုတ်ပါဘူး ညက စာကျက်တာနောက်ကျသွားလို့ပါ"

"ဟဲ့ သား အေဒီလေးကိုလည်း လာလည်ခိုင်းစမ်းပါဦး မတွေ့ရတာတောင်ကြာနေပြီ အဲ့ကောင်လေးက ချစ်စရာရယ် စကားပြောလို့ကောင်းရကောင်းနဲ့"

ဖွားဖွားကြီးကိုပိုင်လေးဘာမှပြန်မပြောဖြစ် ပြုံးပြလိုက်ရင်း ထမင်းစားနေလိုက်တော့သည်။

XxxxxxX

"ဒီနေ့မင်းတို့ကို ဆရာအိမ်စာပေးမယ့် project ကတော့ "Songs & feelings" ဆိုတာပဲ။  ဒါမျိုးကျောင်းသားဟောင်းတွေကတော့ ရင်းနှီးပြီးသားဖြစ်ကြမှာပါ မင်းတို့အတန်းကြီးတွေဆီကကြားဖူးနားဝရှိခဲ့ကြမှာပဲ မသိသေးတဲ့သူတွေအတွက်ကတော့ ဆရာရှင်းပြမယ် "

ဂီတဆရာရဲ့ အသံက ကျောင်းဂီတခန်းထဲမှာပျံ့လွင့်လို့နေသည်။ကျောင်းသားအများစုအတက်ကြွဆုံးအချိန်မှာ ဂီတအချိန်သာဖြစ်လေ၏။ဖိအားသိပ်မရှိသည့်အပြင် တူရိယာတို့ကိုတီးခတ်ခြင်းက လူ၏စိတ်ကို ငြိမ်းအေးစေသည်မှာ အမှန်ပဲမဟုတ်ပါလား။

AD, Can I be your strawberry?Where stories live. Discover now