UNICODE
......
Part 8
......ဒီနေ့တစ်လုံး ထည်ဝါမင်းရဲ့အနှောင့်အယှက်မရှိတာမို့ အေဒီအလွန်ပျော်ရွှင်နေလေသည်။
"ကောင်းလိုက်တာ အနှောင့်အယှက်ကောင်မလာတော့"
ကာယအချိန်ဖြစ်၍ 8 တန်း တစ်ခန်းလုံးအပြင်ကိုရောက်လို့နေကြသည်။
ဘောလုံးကန်သူကန် ကာယလုပ်သူလုပ်ဖြင့်အသံတွေကတော့ဆူညံလို့နေတော့သည်။
ပိုင်လေးနှင့်အတန်းခေါင်းဆောင်မှာ ဆရာမကိုကူညီစရာရှိသည့်အတွက် ရုံးခန်းထဲတွင်အလုပ်ရှုပ်နေခဲ့ကြသည်သာ။
အေဒီမှာတော့ ဘောလုံးကွင်းဘေးကပ်ရပ်တွင်ရှိသော အရိပ်ရအပင်ကြီးအောက်ကခုံတန်းလေးတွင်ထိုင်နေလေသည်။!ဘယ်သူမှတူတူဆော့ချင်မှာမှမဟုတ်တာ ထိုင်နေတာပဲကောင်းမယ်!
မိန်းကလေးတစ်ချို့ကြက်တောင်ရိုက်နေတာကိုငေးကြည့်နေလိုက်၏။
"အောဟော ဘယ်သူပါလိမ့်ကို ကပ်ဖားကောင်ပဲ"
!Shit! အနှောင့်အယှက်ကောင် မရှိလို့စိတ်ချမ်းသာရမလားမှတ်တယ် အနှောင့်အယှက်မနဲ့တွေ့ပြန်ပြီ!
"နှင်းစက် နင့်ဟာနင်သွားဆော့ ဒီနားမလာနဲ့"
"ဘာဖြစ်လဲ အရှုံးသမားရဲ့ငါ့ဟာငါဘယ်နားနေနေပေါ့"
"စိတ်ပျက်လိုက်တာ"
ပြောရင်းဆိုရင်း အေဒီထထွက်ဖို့အလုပ်
နှင်းစက်ကပြောလေ၏။"နင့်ချစ်သူငယ်ချင်းကြီးရော ဘယ်ရောက်သွားတာလဲ သြော်ဟုတ်သားပဲ ဒီအရွယ်ရောက်နေမှတော့ နင့်ကိုကူညီစရာဘယ်လိုတော့မလဲ"
"နင်ဘာပြောတာလဲ"
"အေးလေ ဒီအရွယ်ရောက်မှတော့ ဘယ်သူမှလဲငယ်ငယ်တုန်းကလိုစုန်းကောင်လေးဆိုပြီး ရှောင်ဖယ်မနေကြတော့ပါဘူး အရှုပ်ထုပ်ကောင်လေးဆိုပြီးပဲ မခေါ်မပြောဘဲနေကြမှာပေါ့"
"နင်ဘာတွေပြောနေတာလဲ စောက်ရူးမ"
"ငါ့ကိုလာမဆဲနဲ့ အေဒီ ဒီမှာငါပြောပြမယ် နင့်ကိုယ်နင် ဥက္ကာလိုစာတော်ရုပ်ချောတဲ့သူနဲ့သူငယ်ချင်းဖြစ်နေရတယ်ဆိုပြီး ဘဝင်မြင့်မနေနဲ့ ဥက္ကာကနင့်ကိုပေါင်းချင်လို့ပေါင်းခဲ့တာမဟုတ်ဘူး"