UNICODE
..................
Part 16
....
တက္ကသိုလ်ပထမနှစ်မှာ စာသင်လိုက် activity တွေလုပ်လိုက် canteen ထိုင်လိုက်ဖြင့်တရွေ့ရွေ့ကုန်ဆုံးကာနီးလို့နေလေပြီ။
Business major ကိုယူထားသော ပိုင်လေးနှင့်ထည်ဝါမှာ တက္ကသိုလ်ရောက်သော်လည်း စာကြိုးစာသည်မှာမပြောင်းလဲ။ဒေါက်တာဖြစ်စေချင်သောမိဘတို့၏စကားကိုမျက်ကွယ်ပြုကာ စီပွားရေးလိုင်းကိုယူခဲ့သော ထည်ဝါရဲ့စိတ်ဓာတ်ကတော့အ့ံမခန်းပင်။ပိုင်လေးမှာတော့ ဆေးကျောင်းတက်လျှင်ဝေးသဖြင့် အနီးနားတက္ကသိုလ်တက်ချင်သည်ဟူသော ရည်ရွယ်ချက်ဖြင့် ရွေးခဲ့ခြင်းပင်။သုတသည်လည်း Business ဖြစ်ပြီး ဘာသာရပ်ခွဲဖြစ်သဖြင့် ကျန်နှစ်ယောက်နှင့်အခန်းတော့မတူ။minor ချိန်များမှသာ ပေါင်းသင်ကြရလေသည်။
လူးလူက Law major တွင် ဆရာဆရာမတို့၏အချစ်တော်ဖြစ်လို့နေပြီ။အေဒီ.......?
အေဒီလင်းမှာ များများစားစားရည်မှန်းချက်ရှိလှသူမဟုတ်။ ၂၄နာရီ တွင် မည်သို့မည်သို့သက်သက်သာသာ နေရမည်ကိုအမြဲစဥ်းစားနေသူဖြစ်သည့်အလျောက် Canada တွင်နေခဲ့သော သူ့အတွက် သိပ်အပင်ပန်းခံလေ့စာစရာမလိုသော English major ကိုယူလေသည်။
ထိုစကားကြားတုန်းကဒေါ်ခိုင်လေး သုံးရက်မျှပင်အဖျားတတ်လိုက်သေးသည်။ Cadana တွေ 10 နှစ်နေခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် inter အဆင့်မီသော ကိုယ်ပိုင်ကျောင်းတက်ခဲ့သော သားက English major ယူကာ သူ့အတွက်အပင်ပန်းပင်မခံ သက်သာရာသက်သာကြောင်းရှာသည်ကို အံ့သြမဆုံး။"သြော် မေမေရယ် Literature ပိုင်းမှာတိုးတက်တာမကောင်းဘူးလား စာမလုပ်မိလို့ ဘွဲ့မရလည်းဘာဖြစ်လဲ ကြုံသလိုရှာစားမှာပေါ့ ပြီးတော့ သားက English major ကိုကံကောင်းလို့ရတာဗျ အမှတ်မြင့်တယ်"
ဟုပင်ရန်ပြန်တွေ့နေလိုက်သေး၏။
သူငယ်ချင်း ငါးယောက်တစ်ကျောင်းထဲတွင်အဖွဲ့မကွဲဘဲဆက်ပေါင်းနေမိသေးတာကတော့ ဘုရာပေးတဲ့ဆုလာဘ်လေးပင်။XxxxxxxX
"Chili sauce ၁ ဗူး၊ Black coffe က တစ်ဗူး ၊Brown Sugar က ၁ ထုပ် ၊ဆန် ၁ အိတ် ခေါင်းလျှော်ရည် ၁ ဗူး ၊ carrot juice ၂ ဗူး၊ အသင့်စားခေါက်ဆွဲထုပ် ဘာကျန်သေးပါလိမ့် သြော် မီးပူတိုက်တဲ့အမွှေးရည်"