UNICODE
...................
________
PART 24
________"ဒီ လက်ရှည်ကြီးက အရမ်းပွနေတယ်"
"အဲ့ဒါငါ့မှာရှိတဲ့အသေးဆုံးပဲ"
"ဒါမယ့် ပွနေသလိုပဲ ဘောင်းဘီကလည်းပွနေသေးတယ်"
"ဟန်နီ့ဟာတွေယူပေးရမှာလားဒါဆို"
မိုးရေတွေ စိုရွှဲနေခဲ့သော အေဒီရေချိုးပြီးနောက် ပိုင်လေးနှင့်အတိုက်အခံဖြစ်နေရပြန်တော့သည်။လွန်ခဲ့သောဆယ်မိနစ်လောက်က အလွမ်းသည်ခဲ့ကြသူများမှာသူတို့မဟုတ်သည့်အလား။
"ဟတ်ချိုး အား နှာချေပြန်ပြီ"
ရေစိုနေသောဆံပင်ပွယောင်းယောင်းတို့ကိုသပ်ရင်းက အေဒီပြောလိုက်လေ၏။hoddie မိုးပြာရောင်က ပွလွန်းနေသည့်အပြင် ဘောင်းဘီကတော်တော်ရှည်လွန်းလှသည်မို့ အေဒီ့အခြေအနေက အဝတ်ပုံထဲတွင်ကလေးတစ်ယောက်လုံးထွေးနေသည်နှင့် တူလို့နေတော့၏။နှာခေါင်းကို သုံးခါမျှပွတ်လိုက်ရင်းက တံခါးကိုဖွင့်ကာအောင်ဆင်းရန်ပြင်လေသောအခါ ပိုင်လေးကလှမ်းတားကာမေးလေတော့၏။
"ဒါက ဘယ်သွားမလို့လဲ"
"အကင်သွားစားမလို့ အိမ်မှာဘာမှမစားလာရဘူး"
"ဆံပင်တွေကမသုတ်ဘူးလား"
"ခြောက်သွားမှာပေါ့ သူ့ဘာသာ"
"နှာစေးပြီး အအေးမိလိမ့်မယ် လာခဲ့"
တံခါးဖွင့်တော့မည့် အေဒီ့လက်တွေကိုပိုင်လေးပြန်ဆွဲလိုက်ရင်း ခုတင်ပေါ်ပြန်ထိုင်ခိုင်းလိုက်ရတော့သည်။dryer ယူလာတဲ့ပိုင်လေးကိုမြင်လိုက်ရချိန်မှာတော့ အေဒီအော်လေတော့သည်။
"မမှုတ်ဘူး ပူတယ် dryer က"
"dryer နဲ့အခြောက်ခံမှ ခြောက်မှာပေါ့"
"ဒီအိမ်မှာ ဘယ်လိုလုပ် dryer ကအစရှိနေရတာလဲ "
"လူမနေတဲ့အိမ်လို့ထင်နေတာလား ပြီးတော့ငါဒီမှာနေနေရတာကြာလှပြီ"
"သြော်ဒါကြောင့် အဝတ်အစားတွေလဲအများကြီးရှိနေတာကိုး...အင်း ဒီအနောက်ကိုနည်းနည်းမှုတ်ပေးဦး စိုနေသေးတယ်...ကောင်းလိုက်တာ"