UNICODE
......Part 13
....."အိမ်မှာ Halloween party အမြဲလုပ်ခဲ့တာပိုင်လေးမင်းသိလား နံရံတွေမှာ batman ပုံတွေဆွဲလိုက် monster ပုံတွေဆွဲလိုက်နဲ့ ငါ 9 နှစ်လောက်တုန်းကဆို အိမ်ရှေ့ခြံထဲမှာ အုတ်ဂူပုံစံတွေပါလုပ်ထားတာ အရမ်းပျော်ဖို့ကောင်းတယ် အိမ်နီးချင်း တွေရော သူငယ်ချင်းတွေရောလာတာမှအများကြီးပဲပြီးတော့ Samuel က party ရှိရင်အိမ်မပြန်တော့ဘူး ငါနဲ့တူတူအိပ်တာ သူကမင်းလိုပဲသူ့အသားကိုထိတာကိုင်တာမကြိုက်ဘူး သူနဲ့တူတူအိပ်ရင်သူ့ကိုဖက်အိပ်လို့ဆိုပြီး ငါ့ကိုအမြဲတွန်းတွန်းထုတ်တာ ဟီးဟီး Samuel ကတကယ်တော့အရမ်းစလို့ကောင်းတယ် ပြီးတော့ Church ကျောင်းမှာတွေ့ခဲ့တဲ့ကောင်မလေးတစ်ယောက်ကိုသူကြိုက်နေတာလေ အဲ့ကောင်မလေးရှေ့ရောက်ရင်မျက်နှာကိုနီရဲနေတာပဲ ဟားဟား ကြီးလာလို့သူတို့နှစ်ယောက်တွဲဖြစ်ရင်အရမ်းကောင်းမှာပဲ"
"......."
"ပြီးတော့ သရဲဝတ်စုံတွေဝတ်ပြီး trick_or_treat လုပ်ကြရတာလဲအရမ်းပျော်ဖို့ကောင်းတယ် လမ်းထဲကအိမ်တွေအကုန်လုံးကိုလျှောက်တောင်းကြတာပဲ ငါတို့ကတော့"
အေဒီငယ်ဘဝကို အလွန်တမ်းတနေပုံရသည်။အမှတ်တရများကိုပြန်လည်ပြောပြနေစဥ်တွင် သွက်လက်သောပုံရိပ်နှင့် ဝန်းလဲ့နေသောမျက်လုံးအိမ်တို့ကို ပိုင်လေးမြင်နေရလေသည်။တစ်မျိုးတစ်မည်ချစ်ဖို့ကောင်းလှ၏။လက်ဟန်ခြေဟန်တို့ဖြင့်ပါ ပြောနေပုံမှာအလွန်အားပါလှ၏။
"သကြားလုံးတွေရယ်, ဖရုံသီးပိုင်မုန့်တွေရယ် တော်ဖီတွေလည်းရတယ် တစ်ခါတစ်လေဆို ပန်းသီးမုန့်တွေပါရတယ် ဟီး ငါတို့အိမ်ရှေ့မှာကပ်စည်းနည်းတဲ့လင်မယားနေတာလေ သိလား သူတို့ဆီ trick_or_treat လုပ်ရတာပျော်ဖို့အကောင်းဆုံးပဲ တစ်နှစ် trick_or_treat လုပ်တာ ဘာမှမပေးနိုင်ဘူးဆိုပြီးအော်လွှတ်လို့ မိုးလည်းလင်းရော ကလေးတွေ သူတို့အိမ်ကို တစ်ရှူးလိပ်တွေနဲ့ပစ်ပေါက်ထားတာ အပင်တွေမှာရောအိမ်တစ်ခုလုံးရော ပင့်ကူမြှင့်တွေကြားရောက်နေတာကျလို့ ရှုပ်ပွနေကြတာပဲ"
"Halloween ပွဲကိုတော်တော်ကြိုက်တာပဲလား"
"အင်း အရမ်းပျော်ဖို့ကောင်းတယ် "