UNICODE
.......Part 4
.......အားကစားချိန်ကတော့ ကျောင်းသားတွေအတွက် ရိုလာကိုစတာလိုပင် ပျော်ရမလားစိတ်ညစ်ရမလားမသေချာတဲ့ အတက်အကျတွေနှင့်။
အကယ်၍ အားကစားဆရာစိတ်ကြည်နေရင် ယောက်ျားလေးတွေ ဘောလုံးကန်ရ မိန်းကလေးတွေလည်း ကြက်တောင်ဖြစ်ဖြစ် တခြားကစားနည်းဖြစ်ဖြစ်ကစားရပေမယ့် ဆရာစိတ်မကြည်ချိန်ဆို လေ့ကျင့်ခန်းတွေအသေလုပ်ကြရပါပြီ။ဒီကနေ့တော့ ဆရာစိတ်ကြည်နေတယ်ထင့် ဘောလုံးကန်ဖို့အဖွဲ့ခွဲခိုင်းနေသည်။
သို့သော် အေဒီ့ကိုဘယ်သူမှအဖွဲ့ထဲမခေါ်ချင်ကြ။"မင်းတို့တွေအချင်းချင်းကိုဘာဖြစ်နေကြတာလဲ"
ဆရာကဆူတော့သည်။
"အေဒီလင်း ငါတို့အဖွဲ့ထဲလာ"
အတန်းခေါင်းဆောင်ခေါ်တော့ ကျန်တဲ့အဖွဲ့ထဲကသူတွေက ငြင်းကြ၏။
"ဘာလို့ခေါ်မှာလဲ"
"သူနဲ့တစ်ဖွဲ့ထဲမနေချင်ပါဘူး"
အငြင်းပွားနေပေမယ့် ဆရာကတော့ ဘောလုံးကန်ခိုင်းဖို့စနေပါပြီ။
အေဒီတို့နဲ့ကန်မယ့်တစ်ဖက်အသင်းကတော့ ထည်ဝါတို့အသင်း။
ထည်ဝါ အေဒီနဲ့ရန်ဖြစ်ပြီးကတည်းက ကြည့်မရတာခုထိ စိတ်ကအခဲမကြေဖြစ်နေတုန်းပင်။ကျောင်းသားလေးတွေ ဘောလုံးကိုစိတ်အားထက်သန်စွာကန်နေကြကာ တစ်ချို့ မကစားတဲ့အနေအေးတဲ့ကျောင်းသူတွေကတော့ အားပေးတဲ့ခုံတွေမှာသာထိုင်ကြည့်နေကြ၏။
အေဒီ ဘောလုံးကန်ရတာကြိုက်ပေမယ့် အရင်ကတည်းက ကျန်းမာရေးက ချို့တဲ့တာမို့သိပ်တော့အမောမခံနိုင်။ထို့အပြင် သူကညှပ်တာမို့ ကျန်တဲ့သူတွေက သူ့ထက်လူကောင်ကြီးနေကြသည်။
"အေဒီလင်း မင်းမောနေရင် ဆက်မကစားရင်မကစားနဲ့လေ"
ပိုင်လေး အေဒီမောနေတာမြင်တော့ လာပြောလိုက်သည်။
"ရပါတယ် ကစားနိုင်သေးတယ်"
ဒီတစ်ချီမှာ တခြားအသင်းရဲ့ဘောလုံးကို အေဒီက ဝင်ယူနိုင်လိုက်ပြီး ဂိုးပေါက်ဆီရောက်အောင် ဆက်ကန်လာခဲ့၏။ သူ့ရှေ့မှာတော့တစ်ဖက်အသင်းကလူနှစ်ယောက်သုံးယောက်လောက် ကပ်လာသည်။
အေဒီကန်ဖို့ပြင်လိုက်စဥ်မှာပဲ တစ်ယောက်က သူ့ကိုဘေးကနေ ခြေထိုးခံလိုက်တာကြောင့်ချော်လဲသွားရှာ၏။