UNICODE
...............
PART 15
......သဘက်ခါတွင် Churchကျောင်း၌ ကျင်းပမည်ဖြစ်သော မင်လာပွဲအတွက်လူတိုင်းအလုပ်များလို့နေကြသည်။ယနေ့မှာတော့ ဘုန်းကြီးကျောင်းတွင်မင်ဂလာဆွမ်းကပ်လှူးဒါန်းကြလေသည်။
သတို့သမီးဖြစ်သူမေရီမှာ အမှန်ပင်ရိုးရိုးလေးနှင့်ယဥ်ကာ အဝါရောင်ချိတ်ဝမ်းဆက် ပုလဲတစ်ဆင်စာဖြင့်လှချင်တိုင်းလှနေတော့၏။ဒီလောက်လိုက်ဖက်ညီသောအတွဲမျိုးရှိတော့မည်ပင်မထင်။ပိုင်လေးတို့အိမ်တွင် နယ်အရပ်ရပ်မှဆွေမျိုးတစ်ချို့ရောက်ရှိနေကြသဖြင့် အိမ်ကလည်းလူပေါင်းစုံလို့နေတော့သည်။အမျိုးများဖြင့်မိတ်ဆက်လိုက် စကားစမြည်ပြောလိုက်နှင့်အမျှင်ပင်မပြတ်နိုင်။
"သား မေမေတို့ဒီနေ့ပြန်လာလို့မရလောက်ဘူးထင်တယ် ဒီမှာ ကျော်ကျော်တို့ဘက်ကအမျိုးတွေနဲ့ကစကားပြောနေရတယ် မင်းဒက်ဒီနဲ့မေမေပြန်လာရင် မေရီတစ်ယောက်ထဲမျက်နှာငယ်နေရော့မယ်"
"ရပါတယ် မေမေရဲ့ သားတစ်ယောက်ထဲနေလိုက်မယ်"
"သားရယ် ဒီလာပြီးပိုင်လေးအိပ်ခန်းထဲအိပ်လို့ရတာပဲ အိမ်မှာတစ်ယောက်ထဲနေမလို့လား"
"ဟာ မေမေကလည်း သူတို့အမျိုးတွေလည်းရှိတယ်မလား လူရှုပ်ရရှုပ်နဲ့အိမ်မှာပဲအေးဆေးနေတော့မယ်"
!ဟားဟား ဒီညတော့စိတ်ကြိုက်ဂိမ်းဆော့လို့ရပြီ it's my timeeee!
"အင်း အင်းပြီးတာပဲ ခြံတံခါးကိုသော့ခတ်ထားဦး ဒါဆိုမေမေဖုန်းချပစ်တော့မယ်"
"အင်း မေမေတာ့တာ"
ဒေါ်ခိုင်လေးဖုန်းချလိုက်တော့ နောက်တွင်ပိုင်လေးရောက်နေတာကို သတိထားမိကာ
"သြော် သား"
"အင်း အန်တီ ဒါနဲ့ အေဒီလင်းတစ်ယောက်တည်းလား"
"ဟုတ်ပ သားသူငယ်ချင်းက ဒီလာဆိုတာကိုမလာဘူး လူရှုပ်တယ်တဲ့ အန်တီတို့ကလည်းပြန်ရင် မေရီတစ်ယောက်ထဲဖြစ်နေရှာမှာစိုးနေတာ"
"သြော်....."
"......"
"ဒါဆို အန်တီ...."