Part 12
.....
UNICODE
....
ယခုရက်ပိုင်းများတွင် အေဒီရောဒေါ်ခိုင်လေးတို့ရော ပိုင်လေးတို့အိမ်ဘက်သို့ အလာစိပ်နေရသည်။ဆယ်လပိုင်းကုန် ဆယ့်တစ်လပိုင်းတွင်မင်ဂလာပွဲကျင်းပတော့မည်ဖြစ်သောကြောင့်ပင်။ဝါကျွတ်တွင်မြို့၌ပထမဆုံးမင်ဂလာစုံတွဲပေါ်လာပေတော့မည်။မြို့church ကျောင်းတွင်ဆောင်ကြမည်ဖြစ်ပြီး အိမ်တွင်သံဃာတော်များလည်းပင့်ဖိတ်ကာ မင်ဂလာဆွမ်းကျွေးကြပေမည်။ ဘာသာရေးနှင့်ပက်သက်၍ နှစ်ဦးနှစ်ဖက်လုံးက ကိုယ်ယုံကြည်ရာကိုးကွယ်သလို တစ်ပါးသူရဲ့ကိုးကွယ်ယုံကြည်မှုကိုပါ လေးစားကြသူများဖြစ်သဖြင့်လွန်စွာဟန်ကျလေ၏။
သီတင်းကျွတ်ကျောင်းပိတ်ရက်ဖြစ်သဖြင့်ပိုင်လေးတို့မှာလည်းအားလပ်နေကြတော့သည်။"မြန်မာဝတ်စုံက သောကြာနေ့သွားအပ်ကြရအောင် wedding dress ကတော့ သမီးစိတ်တိုင်းကျတဲ့ဆိုင်မှာသာရွေး"
"ဟုတ်ကဲ့ဒေါ်ဒေါ်"
"မေရီရယ် ဒေါ်ဒေါ်မဟုတ်ဘူးကွဲ့ အမေလို့ခေါ်ရတော့မယ်လေ"
သားဖြစ်သူစွံတော့မည့်အရေးဝမ်းသာအားရဖြစ်နေသောဖွားမြင့်မြတ်သူက အပြုံးမျက်နှာဖြင့်ပြောလေတော့ မေရီမှာရှက်ပြုံးရိပ်ကလေးသမ်းကာ ခေါင်းငြိမ့်ပြလေသည်။ဦးကျော်ကျော်မှာ အစ်မဖြစ်သူဆုံးတော့အသက်နှစ်ဆယ်သာရှိသေးသည်။ထိုအရွယ်မှစကာ အလုပ်ကိုကြိုးစားလုပ်ကိုင်ကာ အမေနှင့်မွေးကင်းစတူဖြစ်သူအား ပြုစုစောင့်ရှောက်ရင်းသာနေခဲ့ရှာသူဖြစ်သည်။ယခုမှ အသက် ၃၆ စွန်းရုံသာရှိသေးသော ဦးကျော်ကျော်က ရင့်ကျက်ပြီးစီးပွားရေးအကွက်မြင်ကာ သွက်လက်တက်ကြွသူတစ်ဦးလည်းဖြစ်လေသည်။သားဖြစ်သူအတွက် အိမ်ထောင်အတည်တကျရှိကာ ကိုယ့်မိသားစုနှင့်ကိုယ်ပျော်ပျော်ရွှင်ရွှင်နေစေချင်သည်ကတော့ ဖွားမြင့်မြတ်သူ ရဲ့ ကြီးမားသောဆန္ဒပင်ဖြစ်လေ၏။။မေရီမှာလည်း ခေတ်ဆန်ပြီးယဥ်ကျေးကာ ကိုယ့်အားကိုယ်ကိုးနိုင်သော ထက်မြက်သည့်မိန်းမသားဖြစ်သည့်အတွက် သားဖြစ်သူအားများစွာအားဖြစ်စေမည်ကိုသိလေသည်။ဦးကျော်ကျော်ထက်ငါးနှစ်လောက်ငယ်သော်လည်း ရင့်ကျက်သောအသွင်နှင့်မေရီက အလွန် ကလေးကလားနိုင်မနေပေ။