Unicode
.....
Part 3
...........အေဒီစဥ်းစားထားသည်က ဒီနေ့တော့ canteen မှာ ထမင်းစားဖို့အဖော်ရပြီဟူ၍။အတန်းခေါင်းဆောင်နဲ့ရင်းနှီးအောင်လုပ်မယ်စဥ်းစားရင်း စားပွဲတွေဘက်တစ်ချက်ကြည့်မိတော့ အေဒီ စိတ်ပျက်မိသွားသည်။
အတန်းခေါင်းဆောင်စားနေတဲ့စားပွဲမှာ ထည်ဝါမင်းရယ် စာတော်တဲ့နှင်းစက်ဆိုတဲ့ကောင်မလေးရယ် တခြားအေဒီ့ကိုလှောင်တဲ့ကောင်တွေရယ်က တူတူစားနေကြလေ၏။အတန်းခေါင်းဆောင်က မဆိုသလောက်အဆင်ပြေသော်လည်း ကျန်လူတွေနှင့်အေဒီသိပ်မပေါင်းချင်။!မသွားတာပဲကောင်းပါတယ်!
ဒီနေ့လည်း အေဒီတစ်ယောက်ထဲ ထောင့်စွန်းစားပွဲနားမှာသွားစားနေလိုက်မိတော့သည်။
XxxxxxX
ကျောင်းဆင်းတော့
Shopping mall ထဲလျှောက်ကြည့်ရင်း အေဒီတော်တော်ပျော်လို့နေမိသည်။ ကျောင်းမှာစိတ်ညစ်လာတာတွေတောင်ပျောက်ကုန်သလားထင်မိ၏။"အေဒီရေ တီလေးညောင်းလာပြီ ကြက်ကြော်ဆိုင်မှာစားမယ်မလား"
"imm တီလေး ခဏပဲခဏပဲ ဟိုအရုပ်ဆိုင်ထဲခဏဝင်မယ်နော်"
"ဝင်ဦးမှာလားလို့ I'm so tired"
"သားဘာမှမဝယ်ရသေးဘူးလေ တီလေးဘာသာ ဂါဝန်တွေလျှောက်ပတ်ဝယ်နေတာကို"
တူဖြစ်သူပြောလည်းပြောချင်စရာပင်။ မေရီတစ်ယောက် အလှအပသိပ်မက်တော့ အဝတ်အစားတွေ လှည့်ပတ်ဝယ်လာသည်။
ဒေါ်ခိုင်လေးကတော့ အောက်ထပ်မှာ မီးဖိုချောင်သုံးပစ္စည်းတန်းတွင်လျှောက်ရွေးကာ KFC ထဲစောင့်နေမည်ဟုပြောထားသည်။အရုပ်လှလှလေးတွေရှိရာဆိုင်ထဲဝင်လာတော့ ကလေးသဘာဝ အေဒီ့မျက်လုံးတွေအရောင်တောက်လာလေသည်။
အမွှေးပွပွအရုပ်မျိုးစုံ ၊ကော်ပတ်ရုပ်မျိုးစုံ ၊ကားစက်ရုပ်၊ LEGO ၊ Barbie ရုပ်များ အစုံရှိသောအရုပ်ဆိုင်ပင်ဖြစ်သည်။
အေဒီ toy story ထဲက Buzz light year အရုပ်လေးကို ယူလာကာ နောက်ထပ်လျှောက်ရွေးနေလိုက်၏။
"ဟာ ဟို စတော်ဘယ်ရီအနီရောင် အရုပ်လေးကလှလိုက်တာ"
စတော်ဘယ်ရီအလုံးပုံစံ နီနီစိုစိုခေါင်းအုံးအရုပ်လေးကိုမော့ကြည့်ပြီး အေဒီသဘောကျလို့ နေသည်။