UNICODE
..........ဒီနောက်ပိုင်းမှာတော့ ပိုင်လေးနဲ့အေဒီတို့အနည်းငယ်ရင်းနှီးလာပြီလို့ပြောရမည်။ပိုင်လေးကအရင်လိုခပ်အေးအေးငြိမ်ငြိမ်နေတတ်တဲ့ပုံစံလေးပေမယ့် တစ်ခုခုဆို အေဒီကိုအဖော်ခေါ်လေ့ ပြောလေ့ဆိုလေ့ရှိတဲ့အတွက် သူငယ်ချင်းလို့သတ်မှတ်လိုက်ပြီထင်ရလို့ဖွားမြင့်မြတ်သူကတော့စိတ်ချမ်းသာလို့နေလေတော့သည်ပင်။ ကျောင်းပိတ်ရက်ဆို Samuel နဲ့ online game ချိန်းဆော့ကြလို့သုံးယောက်က အဖွဲ့လိုလိုတောင်ဖြစ်လို့နေတော့သည်။
အတန်းထဲမှာပဲဖြစ်ဖြစ် ကန်တင်းမှာပဲဖြစ်ဖြစ် ပိုင်လေးနားမှာအေဒီကိုတွေ့နေရတာကို နှင်းစက်တစ်ယောက်သိပ်စိတ်တိုင်းမကျလှ။သူ့နားကနေသူငယ်ချင်းတစ်ယောက်ကိုဆွဲထုတ်သွားသလိုခံစားရသည်။အမှန်တော့ ပိုင်လေးနှင့် နှင်းစက်တို့သည်လည်းအရမ်းရင်းနှီးခဲ့လှသည်မဟုတ်။အမေကစာတော်တဲ့သူတွေနှင့်ရင်းနှီအောင်ပေါင်းခိုင်းထားသဖြင့်သာ ပိုင်လေး၊ ထည်ဝါ တို့နှင့်အတူနှင်းစက်ပေါင်းခဲ့ခြင်းဖြစ်လေသည်။ခုတော့သူ့နားမှာစာတော်သည့်သူတစ်ယောက်လျော့သွားခြင်းက သူ့အဆင့်တွေကိုထိခိုက်စေမည်လားဟူ၍ နှင်းစက်အလွန်စိုးရွံ့မိရလေသည်။ စိတ်ထဲတွင်လည်း အေဒီလင်းအားလုံးဝမကျေနပ်ပေ။
ထည်ဝါ ကတော့ သူ၏၆တန်းတစ်နှစ်ပတ်လုံးကို အေဒီကိုစလိုက်နောက်လိုက်နှောင့်ယှက်လိုက်နဲ့ ကုန်ဆုံးသွားမည့်အခြေအနေတွင်ရှိလေသည်။
"ထည်ဝါ မင်းတော်တော်အားနေလား အေးဆေးနေစမ်း ငါ့ကိုလိုက်နှောင့်ယှက်မနေနဲ့"
"အေး ငါနှောင့်ယှက်ရမယ့်သူမတွေ့သေးသ၍ မင်းကိုနှောင့်ယှက်နေဦးမှာပဲ"
!Ohh shit ဒီစာသင်နှစ်ကြီးကုန်ပါတော့ ကျွန်တော် ထည်ဝါ့နားမှာမထိုင်ချင်တော့ဘူး!
XxxxxxX
6 တန်း 7 တန်းနှစ်တွေတရွေ့ရွေ့ကုန်ဆုံးလို့ အထက်တန်းရဲ့ ပထမနှစ်လို့ပြောလို့ရတဲ့ 8 တန်းသို့ပင်ရောက်ရှိခဲ့ကြလေပြီ။
ကျောင်းထွက်သူကထွက်အသစ်ရောက်သူကရောက်နှင့် လူအနည်းငယ်ပြောင်းလဲသွားသော်လည်း အတန်းထဲတွင် တစ်နှစ်တစ်နှစ်မြင်နေကြသူများသာဖြစ်နေလေသည်။
အေဒီလည်း အသက်နှစ်နှစ်လောက်ကြီးလာတော့အရင်လိုဆိုးပေဂျစ်ကန်လေးမဟုတ်တော့ နည်းနည်းပါးပါး တော့ရင့်ကျက်လာလေသည်။ဥပမာ- ဒေါ်ခိုင်လေးနှင့်မေရီ့ကိုကျောင်းလာကြိုပါဟု ပူညံပူညံမလုပ်တော့ဘဲ ကျောင်းဖယ်ရီကိုသာစီးလေသည်။
အေဒီရဲ့ ၆တန်း ၇ တန်းကာလက အတန်းသားတွေနဲ့အရမ်းအဆင်ပြေနေခဲ့သည်တော့မဟုတ်ပေမယ့် သူနေတတ်အောင်နေခဲ့ပြီးပြီ။စုန်းဟုပြောပြော မကောင်းဆိုးဝါးဟုပြောပြောအေဒီဂရုမစိုက်ဘဲလျစ်လျူရှုတတ်ခဲ့လေပြီ။ကံကောင်းထောက်မစွာ ပိုင်လေးကသူ့အားလိုအပ်သည်များကိုအမြဲကူညီပေးနေခဲ့သဖြင့် သူငယ်ချင်းဖြစ်တာပင် နှစ်နှစ်နီးပါးရှိနေခဲ့သည်ပင်။အမှန်တော့ အေဒီပိုင်လေးကိုအလွန်ကျေးဇူးတင်မိ၏။ အေးတိအေးစက်နိုင်လှသော်လည်း အိမ်စာကိစ္စပဲဖြစ်ဖြစ် အေဒီမတတ်နိူင်သောကိစ္စရပ်များတွင်အမြဲကူညီလေ့ရှိသည်။အရင်လိုဆော့လေ့ဆော့ထမရှိတော့သော်လည်း သူနှင့်ပိုင်လေးမှာသူငယ်ချင်းဟုခေါ်ရလောက်သည်အထိရင်းနှီးနေပြီဟု သူစိတ်တွင်ထင်မှတ်ထားလေသည်။