PART 27

166 18 1
                                    

.................
PART 27 UNICODE
.................

"ဟမ် ထည်ဝါ ဘာလာလုပ်တာလဲ ဘယ်သွားမလို့ပြင်ဆင်လာတာလဲ ည‌ဖြင့်ရောက်တော့မယ်"

"အင်း အဟမ်း ငါလဲ အိမ်မှာပဲနေမလို့ပဲ ခုရုပ်ရှင်လက်မှတ်တွေရထားတော့ သွားမကြည့်ရင်အလကားဖြစ်မှာစိုးလို့လေ ပျင်းနေတာနဲ့ပဲ"

"ဟုတ်လား သွားလေ ဘာလို့၀င်ကြွားနေတာလဲ"

"အမ် မဟုတ်ဘူး နှစ်စောင်ရှိနေတော့ နှမြောလို့ မင်းကိုလာပြန်ရောင်းတာ"

!အာ ဒီပါးစပ်ကတော့!

သုတကိုဆို အကောင်းမပြောတတ်သော ထည်ဝါ ပါးစပ်ကလည်းအလိုအလျောက် အမြင်စောင်းစေမည့် စကားတို့ထွက်မြဲပင်။

"လာတောင် ရောင်းလိုက်ရသေးတယ် ငါဗိုက်ဆာတယ် မုန့်သွားစားမလို့ မလိုက်ဘူးကွာ"

"ဟေ့ရောင် ဒါသရဲကားနော် အရမ်းကြည့်လို့ကောင်းတယ်တဲ့ ငါမနည်းလု ထား အဲ ငါ့ကိုလူးလူမအားတော့လို့မရောင်းချင်ရောင်းချင်နဲ့ မနည်းပြန်ရောင်းထားတာ"

"ဟာ သရဲကားလား ငါအရမ်းကြည့်ချင်နေတာ မစုတို့နဲ့သွားမလို့ကို နေ့ခင်းကမအားလို့ သွားမယ် သွားမယ် ခဏစောင့်"

"အွန်း မင်းငါ့ကြောင့်ကြည့်ရတယ်မှတ်"

ကြော်ငြာများတန်းစီလာနေချိန်မို့ လူသိပ်မများသေး။ထည်ဝါ့ဆီကလက်မှတ်ကိုဆွဲယူကာာ သုတခုံရှာလိုက်ရင်းက H12 H13 ခုံတို့ရှိရာ အတန်းကိုမြင်သောအခါ ပါးစပ်ကအလိုအလျောက် ဆဲသံထွက်ကျလာတော့သည်။

"Wtf အတွဲခုံကြီး သေချင်းဆိုးရ"

"အာ ဟုတ်တယ် လူးလူနဲ့သူ့ကောင်လေးကြည့်ဖို့၀ယ်ထားတာတဲ့ ငါလည်းမစဉ်းစားမိဘူး"

သုတ ရှက်ရှက်ဖြင့် အအေးဘူးနှင့်ပေါက်ပေါက်ဘူးကိုကိုင်ကာ couple ခုံတန်းတွေကိုခွကျော်ကာ မိမိတို့ထိုင်ခုံရှိရာအလယ်သို့သွားလေတော့သည်။ထိုအတွဲများက သူတို့နှစ်ယောက် အားကွက်ကြည့်ကွက်ကြည့်ဖြင့် ပြုံးကာကြည့်နေလေတော့သည်။ထည်ဝါကတော့ စတိုင်ကျကျဖြင့် ခေါင်းတစ်ချက်ဖွကာ မသိချင်ယောင်သာဆောင်နေလိုက်တော့လေ၏။

AD, Can I be your strawberry?Where stories live. Discover now