PART 26

188 19 9
                                    

Unicode
"""""""""""

..................
PART 26
..................

"ကိုခန့် ထည်ဝါ့ကိုနည်းနည်းပါးပါးထိန်းဦးကွယ် လုပ်စရာရှိတာတွေမလုပ်ဘဲနဲ့ ဘာလို့သားဆိုင်မှာပဲ လာလုပ်နေရတာလဲ သူ့အဖေကုမ္ပဏီ မှာအတွေ့အကြုံရအောင်လုပ်ဆိုတော့လဲ မဟုတ်ဘူး ဒီကလေးကခက်ပါတယ်"

"အန်တီရယ် ဘွဲ့ရသေးတာမှမဟုတ်တာ သူစိတ်ပြေလက်ပျောက်လုပ်ချင်လို့လုပ်တာပဲနေမှာပါ လွှတ်ထားလိုက်ပါ"

"ငါတော့မင်းညီကိုသိပ် မသင်္ကာ တော့ဘူး ဒီဆိုင်မှာသူ့ကောင်မလေးများရှိနေတာလား"

"ဆိုင်ကကောင်မလေးတွေ အစ်မတွေနဲ့ကတော်တော်ခင်ပေမယ့် သဘောရိုးပါ ထည်ဝါက ဒီမှာ သူ့သူငယ်ချင်းသုတကလည်းရှိနေတော့ ပိုပျော်လို့နေမှာပေါ့"

ထည်ဝါ့အမေဖြစ်သူသည် ပြောရတာမောသွားဟန်ဖြင့် စားပွဲပေါ်ကဖန်ခွက်ကိုယူကာ ရေအနည်းငယ်သောက်လိုက်ရင်း ကိတ်မုန့်တွေစီနေသော သုတကို မျက်စောင်းထိုးကာကြည့်လိုက်တော့သည်။

"အဲ့ကောင်လေးမလားသုတဆိုတာ တကယ်စိတ်တိုင်းကိုမကျဘူး သူအတင်းဆွဲထားလို့ ထည်ဝါကဒီမှာအလုပ်လုပ်ချင်တာနေမှာပေါ့ အပေါင်းအသင်းကိုအရမ်းယုံစားလွန်းတဲ့ကောင်လေး သူ့တိုးတက်လမ်းကို ပိတ်နေတယ်ဆိုတာကို တကယ်နားမလည်ဘူးလားမသိဘူး"

ကိုခန့်သည် သားအမိပြသနာတွင်သိပ်ဝင်မပါလိုသဖြင့်ခေါင်းကိုသာတွင်တွင်ကုပ်ကာ ထိုင်နေရုံသာတတ်နိုင်တော့လေ၏။

"အာ ငါ့နောက်စေ့တွေယားလိုက်တာ"

ကိတ်မုန့်တွေစီနေရင်းက ကျောချမ်းသလိုနောက်စေ့ယားသလိုလိုဖြစ်လာသော သုတ စိတ်ထဲတွင်တစ်ခုခုကို အလေးအနက်စဥ်းစားနေမိ၏။လွန်ခဲ့သောနှစ်ရက်က မိမိအိမ်သို့ delivery ရောက်လာခဲ့ပြီးဖွင့်ကြည့်မိသောအခါ ကော်ဖီဖျော်စက် အကောင်းစားတစ်ခုဖြစ်နေလေသည်။နောက်ပိုင်းတွင် ကိုယ်ပိုင်ဆိုင်အသေးလေးတစ်ခုဖွင့်ချင်သည်မှာ သုတ၏စိတ်ကူးအိမ်မက်ဖြစ်ပြီး ထို့ကြောင့်လည်း ကိုခန့်၏ ဤကဖေးတွင် အစစအရာရာသင်ယူလေ့လာနေခြင်းပင်ဖြစ်သည်။ထို့ကြောင့်မိမိလိုချင်သော အရာကိုသိသူမှာ အနည်းအကျဥ်းပင်ရှိသော်လည်း ထိုသူတို့မှာ မိမိကိုထိုကဲ့သို့စျေးကြီးသော လက်ဆောင်ကိုပေးချင်လျှင် ပေးသူနာမည်ကိုလျှို့ဝှက်ကာပေးစရာအကြောင်းမရှိသဖြင့်ခေါင်းစားနေမိတော့သည်။

AD, Can I be your strawberry?Where stories live. Discover now