PART 25

707 43 3
                                    

UNICODE
...................
.................
PART 25
.................

ပုံမှန်ဆို Sunday တွင်လူကျတတ်သော်လည်း ယနေ့တော့ ထင်သ‌လောက်လူမများသဖြင့် သုတရောထည်ဝါရော cafe တွေသက်သက်သာသာရှိနေကြလေသည်။ထည်ဝါဒီရက်ပိုင်းပျော်ရွှင်စရာရှိနေသည့်ထင့်။သုတကြည့်လိုက်တိုင်း သီချင်းတညည်းညည်းဖြင့်တက်တက်ကြွကြွရှိနေသော cafe ရဲ့အချိန်ပိုင်း ဝိတ်တာလေးတစ်ဖြစ်တလဲ မြို့မျက်နှာဖုံး သူဌေးသားလေး ထည်ဝါမင်းအားတွေ့ရလေ၏။ရှပ်လက်ရှည်အဖြူပေါ်တွင် ဝိတ်တာသုံး apron အညိုရောင်အားထပ်ကာဝတ်ဆင်ထား၍ ripped jeans အရှည်နှင့်တွဲဖက်ဝတ်ဆင်ထားသော ထည်ဝါမင်း ဤcafe တွေအချိန်ပိုင်းလာလုပ်နေချိန်မှစ၍ အမျိူးသမီးဧည့်သည်လေးများအလာစိပ်နေတော့သည်။

"ဝိုး ရုပ်ရည်ကတော့အပျံစားပဲ"

"ကြည့်ပါဦးဟယ် ခုံကိုသုတ်နေတာလေးက စတိုင်လ်ကျလိုက်တာ"

"ဟဲ့ ဟဲ့ကြည့်ဦးအကျီလက်ကိုခေါက်တင်လိုက်တာအထာကိုကျနေတာပဲ"

ကောင်မလေးများသည်းသည်းလှုပ်လည်း လှုပ်ချင်စရာကောင်းလှသည်။ထည်ဝါမင်းမှာ အချိန်ကြာလေချောမောလာလေဖြစ်ရကား အတူတကွအမြဲရှိနေသော သုတသည်ပင်မနာလိုဖြစ်ချင်လာမိသည်အထိပင်။

"ထည်ဝါတို့အလုပ်လာစလုပ်ကတည်းက မယ်ချောတွေအုံလိုက်ကျင်းလိုက်ကိုပေါက်ချလာတော့တာပဲ ကိုခန့်တို့ဆိုင်ကိုအထူးတလည် မားကတ်တင်းဆင်းနေစရာမလိုဘူး သူ့ညီလက်ထဲအပ်ထားလိုက်ရင်ရနေလောက်ပြီ"

မစုက blender ထဲတွင် စတော်ဘယ်ရီတွေထည့်ကျိတ်နေလိုက်ရင်း အနားရှိသုတနှင့်ယခုမှတက္ကသိုလ်ဝင်တန်းဖြေပြီးကာစကောင်လေး ဖိုးရှန် အားပြောလိုက်လေသည်။

"ဟုတ်ပ မကြီးရယ် ဒီခေါက်ဆွဲကောင်းလို့စားတာလား ဆိုင်ရှင်လေးချော​လို့သွားတာလား ဆိုတဲ့သီချင်းက ကိုကြီးထည်ဝါဆီရောက်မှ ကော်ဖီလေးကောင်းလို့သောက်တာလား ဝိတ်တာလေးချောလို့သွားတာလား လို့ဆိုရမလိုဖြစ်နေပြီ"

"အေးဆို ထည်ဝါကိုအရင်ထဲကသိလာတာ ဒီနောက်ပိုင်းမှပိုပိုချောလာသလိုပဲ ရည်းစားတွေဘာတွေများရနေပြီလားမသိဘူး သုတ နင်ရောမကြားမိဘူးလား"

AD, Can I be your strawberry?Where stories live. Discover now